• iPhone 14 အတွက် တရုတ် Display ကုမ္ပဏီဆီက ပစ္စည်းမှာမယ့် Apple

လက်ရှိ iPhone Gen သစ်တွေအတွက် ပထမဆုံးအကြိမ် Panel ထုတ်ပေးရတာပါ
[Zawgyi Version]

ဒီနှစ်ထဲ ထွက်မယ့် iPhone 14 မော်ဒယ်အတွက် OLED Panels တွေကို Apple ဟာ တရုတ် Display ကုမ္ပဏီ BOE ဆီက မှာယူသွားမယ်လို့ သတင်းထွက်နေပါတယ်။ 


BOE ဟာ Apple ဆီကနေ Display ထုတ်လုပ်ဖို့ ယွမ်သန်း ၅၀ တန် ကန်ထရိုက်ရထားပြီး ဒါဟာ iPhone သစ်တွေမှာ သုံးမယ့် OLED Panels တွေရဲ့ ၂၅% ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ၆.၁ လက်မအရွယ် OLED Panels တွေပဲ BOE ကုမ္ပဏီက ထုတ်လုပ်ပေးရမှာ ဖြစ်ပြီး iPhone 14 Max နဲ့ iPhone 14 Pro, Pro Max တို့အတွက် Screen ကို LG နဲ့ Samsung တို့ကနေ မှာသွားဖို့ ရှိပါတယ်။ 



ဒါဟာ BOE အတွက် လက်ရှိမျိုးဆက် iPhone သစ်တွေမှာ သုံးဖို့ ပထမဆုံးအကြိမ် Panels ထုတ်ပေးရတာလည်း ဖြစ်ပါတယ်။ အရင်က BOE ဟာ အသစ်ပြန်ထုတ်တဲ့ ‌iPhone မော်ဒယ်တွေ နဲ့ ထွက်ပြီးသားမျိုးဆက်တွေအတွက် ထုတ်လုပ်ပေးရတာပါ။ BOE ကုမ္ပဏီဟာ နောက်ပိုင်းထွက် iPads နဲ့ MacBooks တွေအတွက် OLED Panels တွေ ထောက်ပံ့ဖို့ ပြင်ဆင်နေကြောင်း သတင်းထွက်ထားပါတယ်။ 

နောက်ပိုင်း Apple ဆီကလာမယ့် ကန်ထရိုက်တွေအတွက် BOE ဟာ စီချွမ်ပြည်နယ်ထဲက ကုမ္ပဏီရဲ့ B16 စက်ရုံကိုပါ တိုးချဲ့ပြီး လိုအပ်တဲ့ OLED Panels အမြောက်အများ ထုတ်လုပ်နိုင်ဖို့ ဓါတ်အားလိုင်းတွေ တပ်ဆင်သွားမယ်လို့ ဆိုပါတယ်။ နှစ်အလိုက် အစီရင်ခံစာတွေအရ BOE ဟာ OLED Panels သန်း ၆၀ နီးပါး ထုတ်လုပ်ထားပြီး အရင်နှစ်ကထက် ၆၀% ပိုတိုးထုတ်လုပ်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

လက်ရှိမှာ BOE ဟာ နံပါတ်တစ် Display ထုတ်လုပ်သူဖြစ်ပြီး ကမ္ဘာ့အတိုင်းအတာအရ Samsung ပြီးရင် ဒုတိယအကြီးဆုံး Supplier အဖြစ်လည်း ရပ်တည်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...