ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်ဟာ ရာသီကြိုခြေစမ်းပွဲတွေအတွက် ယူနိုက်တက်လူငယ်ကစားသမားတွေကို သတိပေးစကားပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို ရာသီကြိုခြေစမ်းပွဲတွေအတွက် ရောက်ရှိနေပါတယ်။
ယူနိုက်တက်ဟာ ရာသီကြိုခြေစမ်းခရီးစဥ်အဖြစ် သြစတြေးလျနဲ့ ထိုင်းနိုင်ငံတို့ကို ခရီးထွက်မှာဖြစ်ပြီး အခု ထိုင်းနိုင်ငံပြီးတဲ့နောက် သြစတြေးလျကို ဆက်လက်ခရီးထွက်ခွာမှာဖြစ်ပါတယ်။ ဒီအတွက် ယူနိုက်တက်က ကစားသမား (၃၁) ယောက်ကို ခေါ်ဆောင်လာခဲ့ပါတယ်။ အကယ်ဒမီက ဂါနာချို၊ ဇီဒန်းအစ်ဘယ်လ်၊ ချာလီဆားဗေ့ချ်၊ ဂျိမ်းစ်ဂါနာ၊ ပယ်လီစထရီ၊ တာဟစ်ချောင်တို့လည်း ဒီလူစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။
ဒီလိုမျိုး ကစားသမားတွေနဲ့ ပတ်သက်လို့ တန်ဟက်ခ်က “ကျနော် မြင်ချင်တာက ကစားသမားတွေ သင်ယူဖို့ပါပဲ။ နောက်ပြီး သူတို့ကိုယ်တိုင် သက်သေပြရပါမယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ထိပ်တန်းဘောလုံးလောကမှာ ထိုက်တန်တဲ့နေရာမှာ ရှိသင့်လို့ပါ။ ကိုယ့်ကိုယ်ကိုယ် နေ့တိုင်း သက်သေပြရမှာပါ။ သူတို့ကိုယ်တိုင် မသိသေးတဲ့ဘဝမှာလည်း အသားကျနေရဖို့ လိုအပ်ပါတယ်”
“တယောက် ဒါမှမဟုတ် နှစ်ယောက်လောက် သူတို့ကိုယ်သူတို့ သက်သေပြဖို့ ကျနော် မျှော်လင့်ပါတယ်။ ဒါပေမယ့် သူတို့က အသင်းကြီး လူစာရင်းမှာ ပါဝင်လာနိုင်ပါတယ်။ ဒါပေမယ့် သူတို့က အသင်းကြီးကစားသမားတွေရဲ့ အဝတ်လဲခန်းထဲကို ဝတ်ချင်ရင် ဒါနဲ့ ထိုက်တန်ကြောင်းပြရပါမယ်။ အမြဲတမ်းအမြင့်ဆုံး စံချိန်စံညွှန်းမှာရှိရပါမယ်”
“တိုးတက်ဖို့ဆိုတာလည်း အမြဲတမ်းရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့က ရာသီကြိုကာလပါ။ ဒါပေမယ့် ကျနော်တို့ရဲ့ အကောင်းဆုံးပုံစံကို ကစားပြမှာပါ။ ကစားသမားတွေဆီက နေ့တိုင်း လေ့ကျင့်ရေးကွင်းမှာရော၊ ကွင်းထဲမှာရော အမြင့်ဆုံးစွမ်းဆောင်ရည်ကို မျှော်လင့်ထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။