• စာချုပ်ဖျက်သိမ်းပြီး ဘောလုံးကိုပါ စွန့်လွှတ်လိုက်တဲ့ အိုဇေးလ်

အသင်းသစ် ရှာဖွေတော့မှာမဟုတ်ဘူးလို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပါတယ်။

ဂျာမန်ကွင်းလယ်ကစားသမား မီဆွတ် အိုဇေးလ်ဟာ တူရကီမှာ စိတ်ပျက်စရာ ကာလတွေကို ရင်ဆိုင်ခဲ့ရပြီးနောက် ဘောလုံးလောကကနေ ထွက်လိုက်ပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

image

ကမ္ဘာ့ဖလားချန်ပီယံဟာ ပြီးခဲ့တဲ့နွေရာသီမှာ အစ္စတန်ဘူလ် ဘာဆတ်ဆီဟစ်ရှ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ပြိုင်ပွဲစုံမှာ ၇ ပွဲသာ ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး အိုဇေးလ်ဟာ တစ်နှစ်သက်တမ်းတိုးခွင့်ပါဝင်တဲ့ တစ်နှစ်စာချုပ်သာ ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ Fanatik က ယာကွတ် ဆီနားရဲ့ပြောကြားချက်အရ အိုဇေးလ်ရဲ့ စာချုပ်ဟာ အချိန်မတိုင်ခင်မှာပဲ စောစီးစွာ ဖျက်သိမ်းခြင်းခံခဲ့ရပြီလို့ သိရပြီး အသက် ၃၄ နှစ်အရွယ် ကွင်းလယ်ကစားသမား ယနေ့နံနက်မှာ အသင်းဖော်တွေကို ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့ပြီဖြစ်တယ်လို့ ပြောကြားခဲ့ပြီးနောက် အသင်းသစ် ရှာဖွေတော့မှာမဟုတ်ဘူးလို့ မျှော်မှန်းခြင်းခံထားရတာဖြစ်ပါတယ်။

image

အိုဇေးလ်ဟာ တစ်ချိန်တုန်းက ကမ္ဘာ့ဘောလုံးလောကမှာ အကောင်းဆုံးကွင်းလယ်ဖန်တီးရှင်တွေထဲက တစ်ဦးဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ အာဆင်နယ်အသင်းတို့မှာ တောက်ပခဲ့ပေမယ့်လည်း ၎င်းရဲ့ကစားသမားဘဝဟာ ၂၀၂၀ နောက်ပိုင်းကတည်းက ကြီးကြီးမားမား နိမ့်ကျလာခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဝမ်းနည်းဖွယ် အဆုံးသတ်တော့မယ့်ပုံပေါ်နေပြီဖြစ်ပါတယ်။ အိုဇေးလ်ဟာ ကြာသပတေးနေ့ညက ကေဆီရစ်ပေါ်နဲ့ ပွဲစဉ်မှာ ပထမပိုင်း ၄၅ မိနစ် ပါဝင်ကစားပေးခဲ့ပြီး အဲဒီပွဲစဉ်ဟာ ဂျာမန်လက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်းအတွက် နောက်ဆုံး ကွင်းထဲမှာ ပါဝင်ကစားပေးခဲ့တဲ့ပွဲစဉ်ဖြစ်လာတော့မယ့်ပုံ ပေါ်နေပြီ ဖြစ်ပါတယ်။

Share

က္က