မနေ့ညက ချန်ပီယံလိဂ် အုပ်စု နောက်ဆုံးပွဲစဉ်များကို ကစားခဲ့ပြီးတဲ့နောက် စပိန်လာလီဂါက ကလပ်လေးသင်းစလုံးက ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ကြပါတယ်။ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ အက်သလက်တီကို၊ ဆိုစီဒက်တို့က တက်ရောက်နိုင်ခဲ့တာပါ။


တိုက်ဆိုင်တာတစ်ခုက လာလီဂါလေးသင်းစလုံးဟာ အုပ်စု ပထမနေရာတွေနဲ့အတူ ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်ခဲ့ကြတာဖြစ်ပြီး စပိန်ဘောလုံးလောကအတွက်တော့ မျက်နှာပွင့်စရာဖြစ်ခဲ့ပါတယ်။ လက်ရှိ ချန်ပီယံလိဂ်မှာ အအောင်မြင်ဆုံးအသင်းအဖြစ် ရီးရဲလ်မက်ဒရစ်က ရပ်တည်နေတာပါ။
ဒါ့အပြင် ဒီရာသီမှာ ဘာစီလိုနာတို့ ချန်ပီယံလိဂ် အုပ်စုအဆင့်ကနေ လွတ်မြောက်နိုင်ခဲ့တာကလည်း သူတို့အတွက် မက်ဆီမရှိတော့တဲ့နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီနှစ် ချန်ပီယံလိဂ်မှာ စပိန်အသင်းတွေ ဘယ်အဆင့်အထိ ရောက်ရှိမလဲ စောင့်ကြည့်ရတော့မှာပါ။