ဘိုင်ယန်အတွက် နောက်ဆုံးဖလားမျှော်လင့်ချက်ပါ။

ဘိုင်ယန်မြူးနစ်နည်းပြ တူဟယ်လ်က သူ့အနေနဲ့ ရီးရဲလ်မက်ဒရစ်ကိုကျော်ဖြတ်ပြီး ဗိုလ်လုပွဲတက်ဖို့အတွက် လုပ်နိုင်တာ အားလုံးလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီနှစ်သင်းက ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ထိပ်တိုက်တွေ့နေတာပါ။



ဒီနေ့ညမှာတော့ ပထမအကျော့အဖြစ် ဘိုင်ယန်မြူးနစ်အိမ်ကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပြီး နှစ်ကျော့စလုံးက နှစ်သင်းစလုံးအတွက် တော်တော်လေး အရေးပါနေပါတယ်။ ဒီပွဲမတိုင်ခင် တူဟယ်လ်ရဲ့အသင်းမှာ ဒဏ်ရာပြဿနာအချို့ရှိခဲ့ပေမယ့် ရီးရဲလ်နဲ့ပွဲအမီ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ခဲ့ကြပါတယ်။

တူဟယ်လ်ကတော့ “ကစားသမားလေးယောက်လောက် နာနေတာက တော်တော်များလွန်းပါတယ်ဗျာ။ သူတို့ကလည်း ပွဲပြီးတဲ့အထိ ကစားနိုင်မှာ မဟုတ်ပါဘူး။ ရီးရဲလ်နဲ့ပွဲကို အနိုင်ရဖို့အတွက် ဖြစ်နိုင်ချေအားလုံးကို လုပ်သွားမှာပါ။ ဝင်ဘလေမှာ ဖြစ်နိုင်ချေရှိတဲ့ လူစာရင်းကို ဆုံးဖြတ်နေမှာ မဟုတ်ဘဲ ဒီပွဲအတွက်ပဲ အာရုံစိုက်သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လက်ရှိအနေအထားတွေအတွက် စိတ်ပျက်ရကြောင်း၊ ဒါပေမယ့် ဗိုလ်လုပွဲတက်ဖို့အတွက် တစ် ရာခိုင်နှုန်းတောင်မှ စိတ်မလျှော့ကြောင်း ပြောကြားခဲ့ပါသေးတယ်။ ဘိုင်ယန်မြူးနစ်အတွက် ချန်ပီယံလိဂ်က ဒီရာသီမှာ မျှော်လင့်နိုင်တဲ့ တစ်ခုတည်းသော ဆုဖလားလည်း ဖြစ်နေပါတယ်။

တူဟယ်လ်ဟာ ချဲလ်ဆီးနည်းပြဘဝမှာတုန်းက မထင်မှတ်ဘဲ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ဖူးတဲ့ နည်းပြပါ။ ဒါ့အပြင် ရာသီကုန်မှာလည်း တူဟယ်လ်က ဘိုင်ယန်နည်းပြရာထူးကနေ နှုတ်ထွက်တော့မှာဖြစ်တာကြောင့် အကောင်းဆုံး နှုတ်ဆက်သွားဖို့ ပြင်ဆင်လာမှာ သေချာပါတယ်။

Share

Loading Next Article...
က္က