အာဆင်နယ်နဲ့ပွဲမတိုင်ခင် ပြောကြားခဲ့တာပါ။

ယူနိုက်တက်နည်းပြ တန်ဟက်ခ်က အသင်းအတွက် ကစားသမားသစ်တွေ လိုအပ်သေးကြောင်း၊ ဒဏ်ရာပြဿနာသာမရှိရင် အသင်းတိုင်းကို အနိုင်ယူနိုင်စွမ်းရှိကြောင်း ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်ဟာ ဒီနွေရာသီမှာ ဇာကာဇီနဲ့ ယိုရိုတို့နှစ်ယောက်ကို ခေါ်ယူပြီးဖြစ်ပါတယ်။



လက်ရှိမှာလည်း ဘိုင်ယန်နောက်ခံလူတွေဖြစ်တဲ့ ဒီလစ်ဂ်နဲ့ မာဇာရူအီတို့ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ အသင်းအနေအထားနဲ့ ပတ်သက်လို့ တန်ဟက်ခ်က “အသင်းရဲ့ ကစားသမားအင်အားကို တတ်နိုင်သလောက် တောင့်တင်းအောင် လုပ်ရမှာပါ။ ကျနော်တို့မှာ အရမ်းကောင်းတဲ့ ကစားသမားနှစ်ယောက်ကို ခေါ်ပြီးပါပြီ”

“ဒီတော့ ကစားသမားတိုင်းက ကြံ့ခိုင်မှုပြည့်ဝလာမယ်ဆိုရင် ကျနော်တို့ အသင်းတိုင်းကို အနိုင်ယူနိုင်ပါတယ်။ ဒါပေမယ့် ကစားသမားအင်အား လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒဏ်ရာပြဿနာတွေ ရှိခဲ့လို့ပါ။ ကျနော်တို့ အရင်ဆုံး ဒဏ်ရာပြဿနာတွေနဲ့ ရှောင်လွှဲနိုင်အောင် ကြိုးစားရပါမယ်”

“အဲ့ဒီနောက်မှာတော့ အသင်းရဲ့ ကစားသမားအင်အားက တောင့်တင်းမှုရှိရပါမယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ ရာသီကြိုခြေစမ်းခရီးစဉ်အဖြစ် အမေရိကန်နိုင်ငံကို ရောက်ရှိနေပြီး မနက်ဖြန်မှာ အာဆင်နယ်နဲ့ ခြေစမ်းပွဲ ကစားသွားမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က