• Featured

    120Hz AMOLED display ၊ 120W charging နဲ့ 108MP ကင်မရာပါ Xiaomi 11 T Pro ကြေညာ

မယုံနိုင်အောင် အားသွင်းရ မြန်ဆန်မယ့်ဖုန်းပါ

5000mAh ဘက်ထရီကို ၁၇ မိနစ်နဲ့ အားအပြည့်သွင်းနိုင်မယ့် 120W Fast Charging သုံး flagship ဖုန်းတစ်လုံးကို Xiaomi က ကြေညာလိုက်ပါတယ်။ 

11T Series ဖုန်းသစ် မိတ်ဆက်ပွဲမှာ Xiaomi 11T Pro ကို ကြေညာသွားတာ ဖြစ်ပြီး Mi 11 Pro လိုပဲ Snapdragon 888 chipset သုံးထားပါတယ်။ ၆.၆၇ လက်မ အရွယ် flat display နဲ့လာတဲ့ Xiaomi 11T Pro မှာတော့ ရုပ်ထွက်ကို 1080p+ လျှော့သုံးထားပါတယ်။ Screen refresh rate ကို 120Hz သုံးထားပြီး display features တွေအနေနဲ့ 480Hz touch sampling rate နဲ့ HDR10+ support ပါရှိမှာပါ။ Brightness နှုန်းက အမြင့်ဆုံး 1000 nits ရှိမယ်လို့လည်း ဆိုပါတယ်။ 

image


Photo: GSMARena

ရှေ့ကင်မရာဟာ punch-hole ကင်မရာပေါက် သုံးထားတဲ့ 16MP sensor နဲ့ လာပါတယ်။ MI 11 Pro နဲ့ အဓိက ကွာခြားချက်တစ်ခုက main camera စနစ်ပဲ ဖြစ်ပါတယ်။ Xiaomi 11T Pro ဟာ သုံးလုံးတွဲကင်မရာစနစ် သုံးထားတဲ့ ဖုန်းဖြစ်ပြီး ကျောဘက်မှာ အရင်က 50MP sensor အစား 108MP sensor သုံးလာတာတာပါ။ ဒီ sensor နဲ့အတူ 8MP wide နဲ့ 5MP tele-macro lens တို့ ပါရှိပါတယ်။ 

Xiaomi 11T Pro မှာ နောက်ထပ် ထူးခြားချက်က ဘက်ထရီစနစ်ပါပဲ။ ဒီဖုန်းဟာ အကြီးစား 5000mAh ဘက်ထရီနဲ့လာပြီး 120W charger ပါလို့ ဘက်ထရီအားလုံးဝ မရှိတဲ့အခြေအနေကနေ ၇၂% အားဝင်ဖို့ ၁၀ မိနစ်နဲ့ အားသွင်းနိုင်ပြီး အားအပြည့်သွင်းနိုင်ဖို့ဆို ၁၇ မိနစ်ပဲ ကြာမယ်လို့လည်း ဆိုပါတယ်။ ဒီအားသွင်းစနစ်ဟာ ပြီးခဲ့တဲ့နှစ်က တရုတ်မှာ မိတ်ဆက်ခဲ့တဲ့ 120W MI 10 Ultra ထက်တောင် ပိုမြန်မှာပါ။ 

Photo: GSMArena


လက်ဗွေဖတ်စနစ်ကို အရင်မော်ဒယ်တွေမှာ Under display သုံးခဲ့ပေမယ့် ဒီဖုန်းမှာတော့ ဘေးဘောင်ကို ရွှေ့ထားပါတယ်။ ရေစို/ဖုန်တင်ဒဏ် ခံနိုင်မှုမှာလည်း အရင်က IP68 rating ကနေ ဒီမော်ဒယ်မှာ IP53 နဲ့ ထွက်လာပါတယ်။ အရောင်အနေနဲ့ အနက် ၊ အပြာ ၊ အဖြူ သုံးရောင်နဲ့ ထွက်ထားပြီး RAM 8GB(LPDDR5) နဲ့ 128GB storage (UFS 3.1) ကို ဘူရို ၆၅၀ (မြန်မာငွေ ၁၄ သိန်းကျော်) ကနေ စတင်ရောင်းချသွားမယ်လို့ ဆိုပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က