တလောကပဲ Poco ဟာ NFC ဗားရှင်း Poco X3 ကို ကြေညာခဲ့ပြီးနောက် ဒီတစ်ခါမှာ အိန္ဒိယဈေးကွက်အတွက် NFC မပါတဲ့ ဗားရှင်းတစ်မျိုးကို မိတ်ဆက်လိုက်ပါတယ်။
Poco X3 ရိုးရိုးမော်ဒယ်မှာ NFC မပါဘဲ ပိုကြီးတဲ့ ဘက်ထရီပါဝါသုံးထားတာက လွဲရင် Poco X3 NFC နဲ့ တစ်ပုံစံတည်း ဖြစ်ပါတယ်။ မတူတာက Poco X3 NFC မှာ ဘက်ထရီပါဝါ 5160 mAh သုံးထားပြီး ဒီဗားရှင်းမှာတော့ 6000 mAh ဘက်ထရီပါဝါအထိ တိုးထားတာ ဖြစ်ပါတယ်။ charging ကလည်း 33W fast charging စနစ်နဲ့ လာပါတယ်။

Photo: XDA-Developers
Snapdragon 732G 4G processor နဲ့လာပြီး ဘေးဘောင် လက်ဗွေခလုတ် ၊ dual stereo speakers နဲ့ USB-C port တို့ ထည့်ထားပါတယ်။ မျက်နှာပြင် ၆.၆၇ လက်မ FHD+ 120Hz display ပါရှိပြီး touch sampling rate ဟာ 240Hz အထိ ပါရှိပါတယ်။ ဂိမ်းအမြင့် ကစားသူတွေအတွက် ဖုန်းအပူချိန်ကို ထိန်းညှိလျှော့ချပေးမယ့် LiquidCool Technology 1.0 Plus ပါရှိပြီး အလွှာအထပ်ထပ်နဲ့ ဂရပ်ဖိုက်ပြား သုံးထားပါတယ်။
ကျောဘက်မှာ 64MP Sony IMX682 lens ၊ 13MP ultrawide lens ၊ 2MP depth sensor နဲ့ 2MP macro lens သုံးထားပါတယ်။ စက်ဝိုင်းပုံကင်မရာ module ထဲမှ အလျားလိုက်လေးလုံးတွဲနဲ့အတူ LED flash unit ပါရှိပါတယ်။ ရှေ့ display အပေါ်ဘက် အလယ်မှာ 20MP selfie ကင်မရာနဲ့ လာပါတယ်။ display ကိုတော့ Gorilla Glass 5 မှန် အုပ်ထားပါတယ်။
Poco X3 ဟာ IP53 rating ရေစိုခံဖုန်းဖြစ်ပြီး dual SIM support ပါလာပါတယ်။ Shadow Grey နဲ့ Cobalt Blue ကာလာ ၂ ရောင်နဲ့ လာပြီး 6GB/64GB ဗားရှင်းကို ရူပီး ၁၆၉၉၉ (မြန်မာငွေ ၃ သိန်းခန့်) ဈေးနဲ့ စတင်ရောင်းချသွားမှာပါ။