ဒေါ်လာ ၉၅၀ ဈေးနဲ့စတင်ရောင်းချသွားမှာပါ

compact ဒီဇိုင်းနဲ့ အမိုက်စားကင်မရာစနစ်တွေ ပါလာတဲ့ Sony Xperi 5 II ထွက်လာပြီ ဖြစ်ပါတယ်။

Gaming နဲ့ ရုပ်ရှင်ကြည့်တာလိုမျိုး ဖျော်ဖြေရေးပိုင်းအတွက် 120Hz OLED display နဲ့ ရှည်လျားသေးသွယ်တဲ့ 21:9 ကိုယ်ထည်အချိုး သုံးလာပါတယ်။ မျက်နှာပြင်အရွယ်အစားဟာ ဒီနေ့ခေတ်နဲ့ဆို Screen size အသေးဆုံးလို့ သတ်မှတ်ရမယ့် ၆.၁ လက်မ ဖြစ်ပြီး 21:9 အချိုးကြောင့် screen အနံအကျယ်ဟာ ၂.၆၈ လက်မပဲ ရှိမယ်လို့ ဆိုပါတယ်။



Photo: The Verge


၂၀၂၀ ထွက် flagship ဖုန်းသစ်တစ်လုံး ဖြစ်တဲ့အတိုင်း 5G support ပေးထားတဲ့ Snapdragon 865 processor နဲ့ လာပြီး RAM 8GB ၊ Storage 128GB/256GB တို့နဲ့ ထွက်ထားပါတယ်။ ရှေ့ဘက်လှည့် စတီရီယိုစပီကာနှစ်လုံးနဲ့ 3.5mm headphone jack လည်း ထည့်ပေးထားပါတယ်။ ဘက်ထရီပါဝါဟာ 4000 mAh ဖြစ်ပြိး wireless charging တော့ မရပါဘူး။

ကင်မရာပိုင်းမှာ ရှေဘက် 8MP နဲ့ ကျောဘက် Xperia 1 II စတိုင် ထောင်လိုက် ဘေးကပ် 12MP သုံးလုံးတွဲကင်မရာတွေ ပါရှိပါတယ်။ main camera နဲ့ tele lens တို့ဟာ OIS စနစ် ပံ့ပိုးထားပြီး ultrawide lens ဟာ main sensor လိုပဲ Dual Pixel autofocus နဲ့လာပါတယ်။ ဒီဖုန်းဟာ 4K HDR ကို 120fps နဲ့ အနှေးရိုက်ချက်တွေ ရိုက်ကူးနိုင်တဲ့ ပထမဆုံးဖုန်းလို့ ကုမ္ပဏီက ဆိုပါတယ်။

Photo: Engadget

ကင်မရာသုံးလုံးစလုံးဟာ မှန်ဘီလူးပေါ် ရောင်ပြန်ရိုက်မှုကို လျှော့ချပေးမယ့် T* anti-reflective coating သုံးထားပါတယ်။ ဒါ့အပြင် လူနဲ့ တိရစ္ဆာန်တွေရဲ့ မျက်လုံးတွေကို ချိန်သားဖမ်းဖို့ Eye Autofocus စနစ်လည်း ထွက်ထားပြီး Auto Exposure/Auto Focus နဲ့ တစ်စက္ကန့်ပုံ ၂၀ အထိ ရိုက်နိုင်မယ်လို့ ဆိုပါတယ်။ 

ဖုန်းကိုယ်ထည်ဟာ IP68/IPX5 rating ဖုန်နဲ့ရေစိုဒဏ်ခံနိုင်ပြီး ရှေ့နဲ့ နောက်ကို အကြမ်းခံ Gorilla Glass 6 အုပ်ထားပါတယ်။အရောင်အနေနဲ့ အနက် ၊ မီးခိုး ၊ အပြာနဲ့ ပန်းရောင် ကာလာတွေနဲ့ ရပြီး ဒေါ်လာ ၉၅၀ (မြန်မာငွေ ၁၂ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က