Redmi တံဆိပ်နဲ့ Snapdragon 8 Gen 1 Chipset သစ် ပါတဲ့ ပထမဆုံးဖုန်းကို Xiaomi က မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
Redmi K50 Gaming သစ်ဟာ Flagship Processor သစ်နဲ့လာတဲ့ အမိုက်စား Gaming ဖုန်းတစ်လုံး ဖြစ်ပြီး ၆.၆၇ လက်မ FHD+ 120Hz AMOLED Display နဲ့လာပါတယ်။ Display နည်းပညာပိုင်းမှာ 10-bit HDR10+ ပါရှိပြီး DisplayMate ရဲ့ A+ Grade အဆင့်ရဖုန်းလည်း ဖြစ်ပြီး မှန်ပြင်ကို အကြမ်းခံ Gorilla Glass Victus မှန် အုပ်ထားပါတယ်။

Photo:NotebookCheck
Qualcomm ရဲ့ အမြင့်ဆုံး Snapdragon 8 Gen 1 သုံးထားတာဖြစ်လို့ ပါဝါသုံးစွဲမှု မြင့်မားပြီး တချို့အက်ပလီကေးရှင်းတွေမှာ အပူချိန်တက်တဲ့ပြဿနာ ရှိနိုင်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ Xiaomi က Redmi K50 Gaming မှာ နှစ်ထပ် Vapor Cooling နည်းပညာ ထည့်ပေးထားပါတယ်။ ဒီ Chipset နဲ့အတူ UFS 3.1 Storage နဲ့ LPDDR5 Memory လို Flagship-Grade စွမ်းဆောင်ရည်စနစ်ပံ့ပိုးနိုင်မယ့် Features တွေနဲ့လာပါတယ်။
ဒီဇိုင်းပိုင်းမှာလည်း Gaming ဖုန်းတစ်လုံးရဲ့ ကွဲပြားမှုနဲ့ ကာလာတန်းတွေ သုံးထားပါတယ်။ အရင်နှစ် K40 Gaming လိုပဲ ညာဘေးဘောင်ပေါ်မှာ ဂိမ်းခလုတ်တွေ တပ်ဆင်ထားပြီး Xiaomi ရဲ့ CyberEngine x-axis haptics motor နဲ့ Dual JBL အသံနည်းပညာသုံး စပီကာတွေ တပ်ဆင်ထားပါတယ်။ သတ္ထုဖရိန်ညှပ် ရှေ့နောက်မှန်ကာဗာတပ်ဒီဇိုင်းနဲ့ အတွင်းဘက်မှာ Dual VC Cooling System ၊ Dual Graphite Sheets ပြား ၊ စတိန်းလတ်စတီးနဲ့ mesh materials တွေ သုံးထားပါတယ်။
ရှေ့ဘက် punch-hole မှာ 20MP Sony IMX596 Sensor နဲ့ ကျောဘက် 64MP Sony IMX 686 Sensor ၊ 8MP Ultrawide Snapper နဲ့ 2MP Telemarco Lens တို့ ပါရှိပါတယ်။ ဘက်ထရီပါဝါ 4700mAh ဟာ 120W Fast Charging ကြောင့် ၁၇ မိနစ်နဲ့ အားအပြည့်သွင်းနိုင်မယ်လို့ ဆိုပါတယ်။ WiFi 6E ချိတ်ဆက်မှု နဲ့ NFC လုပ်ဆောင်ချက်တို့ ပါရှိပြီး ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 12 ကို အခြေခံထားတဲ့ MIUI 13 နဲ့ လာပါတယ်။
Photo: Gizmochina
Xiaomi Redmi K50 Gaming ကို Dream Color Blue ၊ Silver နဲ့ Black ကာလာတွေနဲ့လာပြီး Mercedes AMG F1 Edition လည်း ထွက်ထားပါတယ်။ 8GB/128GB ဗားရှင်းကို ၃၂၉၉ ယွမ် (မြန်မာငွေ ၉ သိန်းခွဲဝန်းကျင်) ဈေးကနေ စတင် ရောင်းချသွားမှာပါ။
12/128GB ဗားရှင်းကို ၃၅၉၉ ယွမ် (မြန်မာငွေ ၁၀ သိန်းကျော်) နဲ့ 12/256GB ဗားရှင်းကို ၃၈၉၉ ယွမ် (မြန်မာငွေ ၁၁ သိန်းခန့်) ဈေး သတ်မှတ်ထားပါတယ်။ Mercedes AMG F1 မော်ဒယ် 12/256GB ဗားရှင်းကိုတော့ ၄၁၉၉ ယွမ် (မြန်မာငွေ ၁၁ သိန်း ၈ သောင်းခန့်) ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။