• (၁၉) သင်းဖန်တွေရဲ့ အချစ်တော် ပိုချက်တီနို ချဲလ်ဆီးနဲ့ ရုတ်တရက်လမ်းခွဲ

မနေ့က နှုတ်ထွက်သွားခဲ့တာပါ။

ပိုချက်တီနိုဟာ ချဲလ်ဆီးနည်းပြအဖြစ်ကနေ မနေ့က နှုတ်ထွက်သွားခဲ့ပြီလို့ သိရှိရပါတယ်။ ဒါဟာ မထင်မှတ်ထားတဲ့ သတင်းဖြစ်ပြီး ပိုချက်တီနိုက ချဲလ်ဆီးတာဝန်ရှိသူတွေနဲ့ လေ့ကျင့်ရေးကွင်းမှာ တွေ့ဆုံပြီးတဲ့နောက် ချဲလ်ဆီးနည်းပြရာထူးကို စွန့်လွှတ်ခဲ့ရတာပါ။

image

အဆိုပါ အာဂျင်တီးနားလူမျိုးနည်းပြဟာ ပြီးခဲ့တဲ့ရာသီကမှ ချဲလ်ဆီးကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသင်းကို တစ်ရာသီသာ ကိုင်တွယ်ခွင့်ရခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ နှစ်ဦးသဘောတူညီမှုနဲ့ လမ်းခွဲခဲ့ရတာပါ။

image

ဘုန်းမောက်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ရာသီသိမ်းပွဲအပြီး ပိုချက်တီနိုကို အသင်းရဲ့ အားကစားဒါရိုက်တာတွေဖြစ်တဲ့ ပေါလ်စတန်လေနဲ့ လောရန့်စတီးဝပ်တို့က အသင်းတွင်း အင်တာဗျူး ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။ အဆိုပါ အင်တာဗျူးအပြီးမှာပဲ ပိုချက်တီနိုက ချဲလ်ဆီးကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်မှာ အဆင့် (၆) နေရာနဲ့ ရာသီသိမ်းနိုင်ခဲ့တာကြောင့် လာမယ့်ရာသီ ဥရောပဝင်ခွင့်တစ်နေရာကို ရရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးဘက်ကတော့ ပိုချက်တီနိုထက် ငယ်ရွယ်ပြီး အလားအလာရှိတဲ့ လူငယ်နည်းပြတစ်ယောက်ကို ပိုမိုအလိုရှိခဲ့ပါတယ်။

ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ သောကြာနေ့က အသင်းပိုင်ရှင် တော့ဒ်ဘိုလေနဲ့ ညစာအတူစားခဲ့ပေမယ့် သူ့ရဲ့ ရာထူးအတွက် အာမခံချက် တစ်စုံတစ်ရာမရရှိခဲ့ကြောင်း သိရှိရပါတယ်။ ချဲလ်ဆီးအနေနဲ့ နည်းပြသစ်နေရာအတွက် စပို့တင်းလစ္စဘွန်းနည်းပြ အမော်ရင်၊ အစ်ဆွစ်ချ်နည်းပြ မက်ကန်နာတို့ကို ပစ်မှတ်ထားနေကြောင်း သိရှိရပါတယ်။  

Share

Loading Next Article...
က္က