Apple ထုတ် MacBook Pro ပိုင်ရှင်တစ်ယောက်ဟာ လက်ပ်တော့မီးလောင်မှုကြောင့် အသေးစားထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ ဆိုပါတယ်။
u/Squeezieful ဆိုတဲ့ Reddit အကောင့်ပိုင်ရှင်တစ်ယောက်ဟာ သူကြုံခဲ့တဲ့ MacBook Pro မီးလောင်မှုအကြောင်းကို လူမှုကွန်ရက်ပေါ် ပြန် Share ခဲ့တာပါ။ အိပ်ရာအောက်မှာ ရောက်နေတဲ့ MacBook Pro မီးထလောင်ခဲ့တာ ဖြစ်ပြီး မီးလောင်တဲ့ လက်ပ်တော့ကို ဖယ်ရှားဖို့ ကြိုးစားရင်း သူ့လက်မှာ အသေးစားမီးလောင်ဒဏ်ရာတွေ ရခဲ့တယ်လို့လည်း ကာယကံရှင်က ပြောကြောင်း Gizmochina သတင်းက ဖော်ပြပါတယ်။

Photo: Reddit
ကာယကံရှင်ရဲ့အဆိုအရ သူ့ရဲ့ MacBook Pro ကို အိပ်ရာအောက်မှာ Sleep Mode နဲ့ ထားထားတာ ဖြစ်ပြီး အားလည်း သွင်းမထားဘူးလို့ ဆိုပါတယ်။ လက်ပ်တော့ရဲ့ ပလတ်စတစ် Case အရည်ပျော်ပြီး ထွက်လာတဲ့ ညှော်နံ့ကြောင့် နိုးလာတာဖြစ်ပြီး အထဲက လစ်သီယံအိုင်းယွန်းဘက်ထရီလောင်တာကြောင့် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ MacBook Pro မီးလောင်နေတာကို သိသိချင်း အိပ်ရာရောက်ကို ဆွဲချခဲ့တာကြောင့် ကော်ဇောလည်း မီးလောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
မီးလောင်သွားတဲ့ MacBook Pro ဟာ ၁၅ လက်မဆိုဒ် ၂၀၁၅ မော်ဒယ်ဖြစ်တယ်လို့လည်း ပြောပါတယ်။ ၂၀၁၅ ထွက် ၁၅ လက်မ MacBook Pro တွေဟာ ဘက်ထရီမီးလောင်ပေါက်ကွဲနိုင်တာကြောင့် လေကြောင်းလိုင်းတချို့က သယ်ယူခွင့်ပိတ်ထားတဲ့ မော်ဒယ်လည်း ဖြစ်ပါတယ်။ Apple ကိုယ်တိုင် ၂၀၁၅ စက်တင်ဘာကနေ ၂၀၁၆ ဖေဖော်ဝါရီလအတွင်း ရောင်းချခဲ့တဲ့ ၁၅ လက်မ MacBook Pro တွေကို ပြန်သိမ်းခဲ့ရပါတယ်။
ဈေးကွက်ထဲကနေ ပြန်သိမ်းရတဲ့အကြောင်းက ဘက်ထရီဖောင်းကြွပြီး ပေါက်ကွဲမှုတွေ ကြုံခဲ့လို့ ဖြစ်ပါတယ်။ အခုဖြစ်ခဲ့တာကလည်း ပြစ်ချက်ရှိတဲ့ MacBook Pro ဗားရှင်းကို ဝယ်ထားသူမှာ ကြုံခဲ့တာ ဖြစ်ပါတယ်။ R