• (၂၀၁၈) ချန်ပီယံလိဂ်ဖိုင်နယ်မှာ ကျနော်ဆက်ကစားရင် ရီးရဲလ်ကိုနိုင်တယ်လို့ ဆာလာပြောကြား

ဆာလာက မချိတင်ကဲဖြစ်နေတာပါ။

လီဗာပူးတိုက်စစ်ကစားသမား ဆာလာက သူ့လီဗာပူးအနေနဲ့ ပြီးခဲ့တဲ့ (၂၀၁၈) ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်ထက် အခွင့်အရေးပိုရခဲ့ပြီး သူသာ ဒဏ်ရာမရဘဲ ဆက်ကစားရင် အနိုင်ရနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ အဲ့ဒီပွဲမှာ ရီးရဲလ်မက်ဒရစ်က လီဗာပူးကို ၃-၁ ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။

image

ဆာလာဟာ ရာမို့စ်ကြောင့် ပထမပိုင်းမှာတင် ပခုံးဒဏ်ရာကြောင့် လူစားလဲလိုက်ရပြီး ဒီနောက်ပိုင်းမှာ လီဗာပူးရဲ့ ရီးရဲလ်မက်ဒရစ်အပေါ် အသာစီးရရှိမှုက ချိန်ခွင်လျှာပြောင်းလဲသွားတယ်လို့ ပရိသတ်တွေကလည်း ယူဆနေကြပါတယ်။ ဒီလိုမျိုး ဒဏ်ရာရရှိပြီး လီဗာပူးရှုံးခဲ့တဲ့အပေါ်မှာလည်း ဆာလာက ရီးရဲလ်မက်ဒရစ်ကို ဒီနှစ်မှာ လက်စားချေဖို့ ပစ်မှတ်ထားနေပါတယ်။

image

ဆာလာက “အဲ့ဒီပွဲအကြောင်း၊ ကိဗ်မြို့မှာဖြစ်ပျက်ခဲ့သမျှတွေအကြောင်းက အခုထိ ကျနော့်ခေါင်းထဲမှာ တွေးမိနေဆဲပါ။ ဒဏ်ရာရတယ်၊ မိနစ် (၃၀) နောက်ပိုင်း ဆက်မကစားနိုင်တော့ဘူး၊ တော်တော်ဆိုးတဲ့ကိစ္စ၊ ဒီလိုမျိုးတွေ တွေးမိတုန်းပေါ့။ မကောင်းတဲ့ပုံစံနဲ့တွေးတာတော့ မဟုတ်ပါဘူး။ ကောင်းတဲ့ဘက်ကပဲ တွေးပါတယ်”

“ကျနော်သာ ကွင်းထဲမှာ ဆက်ရှိခဲ့ရင် အခြေအနေကောင်းနိုင်ပါတယ်။ အဲ့ဒီအချိန်မှာ ကျနော်တို့က ရီးရဲလ်မက်ဒရစ်ထက် အခွင့်အရေးတွေပိုရထားတယ်လေ။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်က ရီးရဲလ်မက်ဒရစ်ပါပဲ။ သူတို့က မယုံကြည်နိုင်လောက်အောင် ကောင်းပါတယ်။ ဒီပြိုင်ပွဲရဲ့သမိုင်းတလျှောက် သူတို့ကအကောင်းဆုံးအသင်းပါ”

“အနိုင်ရအောင် ဘယ်လိုကစားရမယ်ဆိုတာ သူတို့ကအမြဲတမ်းသိနေပါတယ်။ ဒါပေမယ့် ကျနော်သာ ကွင်းထဲမှာဆက်ရှိနေခဲ့ရင် အဲ့ဒီပွဲတည်းက ကျနော်တို့ နိုင်လောက်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က