• ၂၀၂၃ ခုနှစ်ကစပြီး WiFi အခမဲ့ ပေးသွားမယ့် လေယာဉ်ကုမ္ပဏီ

၂၀၁၈ ခုနှစ်ကတည်းက လေယာဉ်ပေါ် WiFi ပေးဖို့ စီစဉ်လာခဲ့တာပါ

အမေရိကန်လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Delta Air Lines ဟာ လာမယ့်နှစ်ဆန်းပိုင်းကစပြီး ခရီးသွားတွေအတွက် Free WiFi ဝန်ဆောင်မှုပေးတော့မယ်လို့ ဆိုပါတယ်။ 

The Wall Street Journal သတင်းမှာ ဖော်ပြခဲ့တာ ဖြစ်ပြီး Delta Air Lines လေကြောင်းလိုင်းဟာ လေယာဉ်စီးခရီးသည်တွေအတွက် အခမဲ့ကြိုးမဲ့အင်တာနက် စမ်းသပ်ထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဝန်ဆောင်မှုအနေနဲ့ လာမယ့် ၂၀၂၃ ခုနှစ်ထဲမှာ ဖြန့်ကြက်တိုးချဲ့သွားဖို့လည်း ရှိပါတယ်။ သတင်းတွေအရ Delta ဟာ နောက်နှစ်နှောင်းပိုင်းထဲ လေကြောင်းလိုင်းပိုင် ယာဉ်တွေပေါ်မှာ ဝန်ဆောင်မှု တိုးချဲ့ခြင်း မပြုခင် လေယာဉ်အများအပြားမှာ Free WiFi ကို စပြီး ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။ 

image


Photo: rottenwifi

လေယာဉ်ခရီးစဉ်အတွင်း အင်တာနက်ဝန်ဆောင်မှုအတွက် Delta ကုမ္ပဏီဟာ ကုမ္ပဏီရဲ့ အခမဲ့ ဝင်ရောက်နိုင်မယ့် SkyMiles Rewards ပရိုဂရမ်အဖွဲ့ဝင်တွေနဲ့ စမ်းသပ်နေတာ ဖြစ်ပါတယ်။ Delta ရဲ့ အခမဲ့အင်တာနက်အစီအစဉ်ဟာ လေယာဉ်ခရီးသွားနေစဉ်အတွင်း အင်တာနက်အဆက်အသွယ်လိုအပ်နေသူတွေအတွက် အဆင်ပြေမယ့် အစီအစဉ်တစ်ခု ဖြစ်လာမှာပါ။ Delta ဟာ လက်ရှိမှာ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းတွေ ဖြစ်တဲ့ Intelsat နဲ့ Viasat တို့ကို အသုံးပြုနေသလို SpaceX ရဲ့ Starlink နဲ့လည်း စမ်းသပ်ထားပါတယ်။

Delta လေကြောင်းလိုင်းဟာ ၂၀၁၈ ခုနှစ်မှာ ကြိုးမဲ့ အခမဲ့အင်တာနက်ပေးဖို့ ပထမဆုံး ကြေညာခဲ့တာဖြစ်ပြီး မကြာသေးခင်ကပဲ စမ်းသပ်မှု လုပ်ခဲ့တာပါ။ အမေရိကန်လေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ JetBlue ဟာလည်း လက်ရှိမှာ ခရီးသည်တွေအတွက် အခမဲ့ WiFi ဝန်ဆောင်မှု ပေးထားတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က