• ၃ နာရီလောက်ကစားပြီး တစ်ဂိုးမှတောင်မရဘဲ ဆက်တိုက်ရှုံးနေတာပဲလို့ ပီကေးညည်းတွား

နောက်ဆုံး ၆ ပွဲမှာ ၁ပွဲသာ အနိုင်ရခဲ့ပြီး ၃ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့ပါတယ်။

ဘာကာနောက်ခံလူက အသင်းဘုတ်အဖွဲ့မှာ ပြသနာအများအပြားရှိနေသလို ကစားသမားတွေကို်ယ်တိုင်လည်း အခွင့်အလမ်းတွေ ဖန်တီး

နိုင်စွမ်းမရှိတာကိုပါ မီးမောင်းထိုးပြောဆိုသွားခဲ့ပြီး လက်ရှိအခြေအနေအတွက် ညည်းတွားနေခဲ့ပါတယ်။ 


အက်သလက်တီကိုမက်ဒရစ်ကို ၂-၀ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ဘာစီလိုနာနောက်ခံလူပီကေးက သူတို့အသင်းအနေနဲ့ တော်တော်လေးကို အခက်တွေ့နေရပြီလို့ ဝန်ခံပြောဆိုလိုက်ပါတယ်။ ဘာကာနောက်ခံလူက အသင်းဘုတ်အဖွဲ့မှာ ပြသနာအများအပြားရှိနေသလို ကစားသမားတွေကို်ယ်တိုင်လည်း အခွင့်အလမ်းတွေ ဖန်တီး

နိုင်စွမ်းမရှိတာကိုပါ မီးမောင်းထိုးပြောဆိုသွားခဲ့ပြီး လက်ရှိအခြေအနေအတွက် ညည်းတွားနေခဲ့ပါတယ်။ 

image

ဘာစီလိုနာကတော့ နောက်ဆုံးကစားခဲ့တဲ့ ၆ ပွဲမှာ တစ်ပွဲသာအနိုင်ရခဲ့ပြီး ၃ပွဲအထိ အရေးနိမ့်ခဲ့ပါတယ်။ ရှုံးပွဲ ၃ပွဲမှာ တစ်ဂိုးမှပြန်လည်သွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ပေးဂိုး ၈ ဂိုးအထိရှိခဲ့ကာ လာလီဂါ ၇ ပွဲကစားအပြီး ရမှတ် ၁၂မှတ်နဲ့ အဆင့် ၉ နေရာအထိ ရောက်ရှိနေပြီဖြစ်ပါတယ်။ နည်းပြရော်နယ်ကိုးမန်းရဲ့အနာဂတ်ကလည်း ပိုမိုလှုပ်ခတ်လာပြီး အသင်းမှာ သူ ဆက်ရှိနေမယ်လို့ အသင်းဥက္ကဌလာပေါ်တာက ပြောဆိုနေပေမယ့်လည်း တဖက်မှာတော့ နည်းပြသစ်ရှာဖွေနေတယ်လို့ သိရပါတယ်။ 

ပီကေးက "ကျွန်တော်တို့အစပိုင်းကောင်းခဲ့ပါတယ်၊ ရဲရဲရင့်ရင့်နဲ့ကစားခဲ့ပေမယ့် အဲဒီနောက်မှာ သူတို့ပုံစံက အကောင်းဆုံးဖြစ်သွားခဲ့ပါတယ်၊ သွင်းဂိုးနှစ်ဂိုး သူတို့တွေ ခဏလေးအတွင်းမှာ ရရှိခဲ့ကြပြီးတော့ ကျွန်တော်တို့ကတော့ ၃ နာရီလောက်ကစားခဲ့အပြီးမှာ တစ်ဂိုးမှမရခဲ့ပါဘူး (နောက်ဆုံး ၃ပွဲဆက် ဂိုးမသွင်းနိုင်တာကို ဆိုလို)၊ ဒါက အရမ်းခက်ခဲတဲ့ ပြသနာပါ၊ ရှုပ်ထွေးနေတာလည်းဖြစ်ပါတယ်၊ ကျွန်တော်တို့ ဒုက္ခရောက်နေတာဖြစ်ပြီး ဒါကို ပွင့်ပွင့်လင်းလင်းပဲ ကျွန်တော်ပြောပါတယ်"

"ကျွန်တော်တို့ တိုက်ပွဲဝင်ဖို့လိုအပ်နေပါတယ်၊ အလုပ်လုပ်ရမယ်၊ အားလုံးနဲ့အဆက်အသွယ်ဖြတ်အနားယူပြီး သန်မာမှုနဲ့ပြန်လာဖို့လိုနေပါပြီ" လို့ ပြောဆိုခဲ့ကြောင်း Marca က ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် အသင်းဥက္ကဌလာပေါ်တာနဲ့ နည်းပြရော်နယ်ကိုးမန်းတို့ကြားဖြစ်ပွားနေတဲ့ အရာတွေမှာ ကစားသမားတွေ ပါဝင်ပတ်သက်မှုမရှိဘူးလို့လည်း ပီကေးက ပြောဆိုခဲ့ပါတယ်။

"ကစားသမားတွေက ဘာမှပါဝင်ပတ်သက်မှုမရှိပါဘူး၊ ကျွန်တော်တို့က ညွှန်ကြားချက်တွေကို လိုက်နာဖို့နဲ့ ဆူညံနေတဲ့အသံတွေနားကနေ ဝေးဝေးမှာရှိနေတာပါ" လို့ ပီကေးက ပြောဆိုသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က