ဒေါ်လာ ၈၀၀ ဈေးကနေ စတင်ရောင်းချသွားမှာပါ

Samsung ရဲ့ တန်ဖိုးမြင့် Flagship ဖုန်းသစ်တွေ ဖြစ်တဲ့ Galaxy S22 နဲ့ S22+ တွေ ထွက်လာပြီ ဖြစ်ပါတယ်။ 



Samsung Galaxy S22 နဲ့ S22+ တို့ဟာ အရင် S21 ဒီဇိုင်းကိုပဲ ပြန်သုံးထားပြီး အရွယ်အစားမသိမသာလေး သေးထားတာပါ။ Galaxy S22 ကို ၆.၁ လက်မ Dynamic AMOLED 2x Display နဲ့ ထုတ်ထားပြီး Plus မော်ဒယ်ကိုတော့ ၆.၆ လက်မဆိုဒ် FHD+ Dynamic AMOLED 2X Panel နဲ့ ကြေညာသွားတာ ဖြစ်ပါတယ်။ 


Photo: GSMArena

ဖုန်းနှစ်မျိုးလုံးမှာ 120Hz Refresh Rate ပါရှိပြီး Gorilla Glass Victus+ မှန် အုပ်ထားပါတယ်။ Brightness Nit အနေနဲ့ Galaxy S22 မှာ အမြင့်ဆုံး 1300nit နဲ့ S22+ မှာ 1750nit အထိ ပါရှိပါတယ်။ Armor အလူမီနီယံ‌ဘောင်ကွပ်ထားတဲ့ ဒီဖုန်းတွေဟာ ကျောဘက်မှာ ကင်မရာ သုံးလုံးစီ သုံးထားပါတယ်။ 

ကင်မရာပိုင်းမှာ အရင် 64MP main sensor အစား 50MP Samsung GN5 sensor သစ် သုံးလာပြီး main sensor နဲ့အတူ 13mm focal length ပါ 12MP Ultrawide lens ၊ 30x Space Zoom နဲ့ 3x optical Zoom ပါ 10MP telephoto sensor တို့ ပါရှိပါတယ်။ မော်ဒယ်နှစ်မျိုးလုံးဟာ 10MP Selfie Sensor နဲ့ လာပါတယ်။ 

ဈေးကွက်ပေါ်လိုက်ပြီး Qualcomm Snapdragon 8 Gen 1 chipset နဲ့ ထုတ်တာ ရှိသလို Samsung ထုတ် Exynos 2200 SoC နဲ့ ထွက်တာလည်း ရှိပါတယ်။ ဘက်ထရီပါဝါပိုင်းမှာ Galaxy S22 ဟာ 25W Fast Charging ပံ့ပိုးမှုပါဝင်တဲ့ 3700mAh ဘက်ထရီ နဲ့ 45W Fast Charging ပါတဲ့ 4500mAh ဘက်ထရီ သုံးတာပဲ ကွဲပြားမှာပါ။ နှစ်မျိုးစလုံးဟာ 15W wireless charging ပါဝင်မယ်လို့ ဆိုပါတယ်။ 

Photo: GSMArena

နောက်ထပ် ကွဲပြားတဲ့တစ်ချက်ကတော့ Galaxy S22 မှာ WiFi 6 အထိ support ပေးပြီး S22+ မှာ WiFi 6E နဲ့ လာတာ ဖြစ်ပါတယ်။ ဖုန်းနှစ်မျိုးစလုံး 5G ရပြီး IP68 Waterprooft ပါမှာပါ။ လုံခြုံရေးအတွက် Samsung ရဲ့ Ultrasonic မှန်ပြင်အောက်လက်ဗွေဖတ်စနစ် ထည့်သွင်းထားမှာပါ။ Galaxy S22 နဲ့ S22+ မော်ဒယ်တွေကို Phantom Black, Phantom White, Green နဲ့ Pink Gold ကာလာတွေနဲ့ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ 


Galaxy S22 နဲ့ S22+ တို့ဟာ RAM 8GB//128GB Storage နဲ့ RAM 8GB/256GB Storage ဆိုပြီး ဗားရှင်းနှစ်မျိုးနဲ့ လာပါတယ်။ Base Version ကို S22 က ၇၉၉ ဒေါ်လာနဲ့ S22+ က ၉၉၉ ဒေါ်လာနဲ့ စပါတယ်။ 8/256GB ဗားရှင်းကို ပြည်တွင်းဈေးကွက်မှာ Galaxy S22 (မြန်မာငွေ ၂၀၂၅၀၀၀ ကျပ်) နဲ့ Galaxy S22+ (၂၄၇၅၀၀၀ ကျပ်) ဈေးတွေန့ ရောင်းချမယ်လို့ ကြေညာထားပြီး Pre-order လက်ခံထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က