ဒီဇိုင်းကွဲပြားပြီး တန်ဖိုးသင့်တင့်တဲ့ Tecno ဖုန်းသစ်တစ်မျိုးကို အိန္ဒိယဈေးကွက်မှာ မိတ်ဆက်သွားပါတယ်။
Tecno Spark 8 Pro ဟာ ကျောဘက် 48MP Main ကင်မရာပါ သုံးလုံးတွဲကင်မရာနဲ့ လာပြီး ကျောဘက်ဒီဇိုင်းပုံစံ ထူးခြားတဲ့ဖုန်းတစ်လုံးအဖြစ် ထွက်လာတာပါ။ ရှေ့ဘက် Punch-Hole ဒီဇိုင်း နဲ့ ကျောဘက်ကင်မရာအိမ်တွေ အောက်မှာ ထောင်လိုက်စင်းအမြောင်း နဲ့ အပေါ်ကင်မရာဘက်အခြမ်းအတွက် ကွဲပြားတဲ့ သီးသန့်နေရာပြင်တစ်ခု ထားတဲ့ Dual-Textured ပုံစံနဲ့ လာပါတယ်။

Photo: Gizmochina
Spark 8 Series တွေထဲမှာ ဒီဖုန်းဟာ Processor ၊ Display နဲ့ အားသွင်း charging ပိုင်းမှာ အမြင့်ဆုံးလို့ ဆိုနိုင်ပါတယ်။ မျက်နှာပြင်ဆိုဒ် ၆.၈ လက်မ 1080 x 2460p ရုပ်ထွက် display နဲ့လာပြီး punch-hole ပေါက်ထဲမှာ 8MP Selfie ကင်မရာ ပါရှိပါတယ်။ ကျောဘက်ထောင်လိုက် ကင်မရာ ၃ လုံးတန်းမှာ အပေါ်ဆုံးက 48MP Main Sensor ၊ 2MP Portrait နဲ့ အောက်ဆုံးမှာ f/2.0 aperture ပါ AI Lens တို့ သုံးထားပါတယ်။ ဖုန်းရဲ့ ရှေ့နဲ့ ကျောဘက်နှစ်ခုစလုံးမှာ Dual LED Lights တွေ ထည့်ပေးထားပါတယ်။
Mali-G52 GPU ဂရပ်ဖစ်နဲ့အတူ MediaTek Helio G85 chipset သုံးထားပြီး RAM 4/6GB နဲ့ Storage 64/128GB ဆိုပြီး ထွက်ထားပါတယ်။ ဖုန်းဘေးဘောင်မှာ လက်ဗွေဖတ်စနစ်တစ်ခု တပ်ဆင်ထားပြီး 3.5mm Headphone Jack လည်း ပါရှိပါတယ်။ ဖုန်းဘက်ထရီပါဝါ 5000mAh အားဟာ 33W Fast Charging အထောက်အပံ့ပေးထားပါတယ်။ ဆော့ဖ်ဝဲလ်ပိုင်းမှာ Android 11 ကို အခြေခံထားတဲ့ Tecno HiOS 7.6 နဲ့ လာပါတယ်။
စိမ်းပြာ ၊ ပန်းခရမ်း ၊ အနက် နဲ့ ခဲပြာ လေးရောင်နဲ့လာပြီး အမြင့်ဆုံးမော်ဒယ် RAM 6GB/128GB Storage ဗားရှင်းကို ၁၀၅၉၉ ရူပီး (မြန်မာငွေ ၂ သိန်းခွဲကျော်) ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။