• ၅၄၉ ဒေါ်လာတန် AirPods Max အတွက် ဒေါ်လာ ၉၈၀ တန် အိတ် Gucci ဖြန့်ချိ

တန်ဖိုးကြီးဖက်ရှင်ကိုမှ ကြိုက်တယ်ဆိုသူတွေအတွက် ထုတ်ထားတာပါ

Branded မှ ကြိုက်တတ်တယ်ဆိုရင်တော့ တန်ဖိုးကြီး AirPods Max ကို မြန်မာငွေ ၁၇ သိန်းခွဲကျော်တန် Gucci အိတ်နဲ့ တွဲသုံးနိုင်ပြီ ဖြစ်ပါတယ်။


နာမည်ကျော် တန်ဖိုးကြီး Luxury ဖက်ရှင်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Gucci ဟာ Apple ထုတ် AirPods Max နားကြပ်အတွက် ဒေါ်လာ ၉၈၀ တန် အိတ်တစ်လုံးကို ထုတ်လုပ်လိုက်တာပါ။ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်မှာ Apple ဟာ ကုမ္ပဏီရဲ့ High-End ကြိုးမဲ့နားကြပ်တစ်ခုဖြစ်တဲ့ AirPods Max ကို ကြေညာခဲ့ပါတယ်။ အီတလီဖက်ရှင်ကုမ္ပဏီ Gucci က ဒီနားကြပ်အတွက် အိတ်ကို ချုပ်လုပ်ပြီး ဈေးကွက်တင် ရောင်းချလိုက်တာဖြစ်ပါတယ်။ 

image

Photo: Apple Insider


Gucci ရဲ့ ဝက်ဘ်ဆိုက်မှာ AirPods Max အတွက် ထုတ်လိုက်တဲ့ Ophidia caseဟာ အရင် iPhone ၊ AirPods နဲ့ တခြား ထုတ်ကုန်ေတွအတွက် ထုတ်ထားတဲ့အိတ်တွေနဲ့ ဆင်တူတဲ့ဒီဇိုင်း သုံးထားတယ်လို့ ဆိုပါတယ်။ ခေတ်ပြိုင်နဲ့ Vintage စတိုင်ပေါင်းစပ်ထားပြီး ပြန်သန့်စင်ပြီး အသုံးပြုနိုင်တဲ့ GG Supreme ကင်းဗတ်စ်နဲ့ ထုတ်ထားတယ်လို့ လည်း ဖော်ပြထားပါတယ်။ 

AirPods Max အတွက် အိမ်တစ်ခုပါပြီး GG Logo ပါ အိတ်အဖုံးနဲ့ အုပ်ထားသလို ပခုံးမှာ Handbag အိတ်တစ်လုံးလို လွယ်ဖို့အတွက်လည်း ကြိုးတစ်ချောင်း ပါရှိပါတယ်။ Gucci ရဲ့ အွန်လိုင်းစတိုးမှာ AirPods Max အတွက် Ophidia Case အိတ်တစ်လုံးကို ဒေါ်လာ ၉၈၀ နဲ့ ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။ AirPods Max ကိုတော့ Apple က ၅၄၉ ဒေါ်လာဈေးနဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က