မိနစ် ၃၀ အတွင်း ဖုန်းတစ်လုံးကို အား ၈၅% အထိ သွင်းပေးနိုင်မယ့် ကမ္ဘာ့အမြန်ဆုံး SuperCharge အားသွင်းစနစ်ကို Huawei ရဲ့ 5G ဖုန်းမှာ သုံးလာပြီ ဖြစ်ပါတယ်။
Huawei Mate X ဟာ Huawei ရဲ့ Balong 5000 ဆိုတဲ့ 5G modem သစ်ကို သုံးလာတဲ့ ဖုန်းဖြစ်ပြီး ကမ္ဘာ့အမြန်ဆုံး 5G ဖုန်းလို့ကုမ္ပဏီက ကြေညာထားပါတယ်။ Balong 5000 modem ဟာ ဖေဖော်ဝါရီလဆန်းပိုင်းက ကြေညာထားတဲ့ 5G modem ဖြစ်ပြီး ဒေါင်းလုပ် speed အနေနဲ့6.5Gbps အထိ ဆွဲနိုင်တဲ့ ကမ္ဘာ့အမြင့်ဆုံး benchmark ရထားတဲ့ ချပ်စ်တစ်ခုလည်း ဖြစ်ပါတယ်။

Photo: forbes
မျက်နှာပြင် ၈ လက်မရှိတဲ့ ဒီဖုန်းဟာ 2480 x 2200 pixel ရုပ်ထွက်နဲ့လာပြီး ခေါက်သိမ်းထားချိန်မှာ ၆.၆လက်မအရွယ် ရှေ့screen နဲ့၆.၃၈ လက်မ ကျောဘက် screen ဆိုပြီး နှစ်ခု ထွက်လာအောင် ဒီဇိုင်းထုတ်ထားတာပါ။ ဖွင့်ထားချိန်မှာတော့ ၈ လက်မ OLED display ပါပြီး foldable ဖုန်းတွေရဲ့ စတိုင် tablet mode နဲ့သုံးနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ RAM 8GB/512GB storage နဲ့လာတာပါ။
notch မပါဘဲ ဖုန်းခေါက်ထားချိန်မှာ ကိုယ်ထည်ကို တစ်သားတည်းရှိစေဖို့ညာဘေးဘောင်မှာ အိမ်တစ်ခုထုတ်ထားပြီး မှန်ကိုယ်ထည်ကို ခေါက်ဖို့အတွက် ပတ္တာတစ်ခု သုံးထားပါတယ်။ ကမ္ဘာပေါ်မှာ အပါးဆုံး foldable ဖုန်းလို့လည်း Mate X ကို ကြေညာထားပြီး ခေါက်ထားချိန်မှာ 11 mm ပဲ ထူပါတယ်။
Photo: The Verge
ကင်မရာအနေနဲ့Leica ရဲ့ ကျောဘက် သုံးလုံးတွဲ ကင်မရာစနစ်နဲ့ဆယ်လ်ဖီအတွက် တစ်ခုစုစုပေါင်း ကင်မရာ ၄ လုံး ၊ ပါဝါခလုတ်မှာ ထည့်သွင်းထားတဲ့ fingerprint sensor များအပြင် ဘက်ထရီပါပဝါကို 4500 mAh အထိ သုံးလာတာကလည်း အတော့်ကို မိုက်ပါတယ်။
လက်ရှိသိရသလောက် ဒီဖုန်းဟာ Huawei ရဲ့ 7nm process နဲ့လာတဲ့ Kirin 980 processor သုံးသွားမယ်လို့ဆိုပါတယ်။ dual-SIM card slotပါပြီး Huawei ရဲ့ Nano Memory Card ကိုလည်း သုံးနိုင်မှာပါ။ ကာလာအနေနဲ့Huawei Mate X ဟာ Intersteller Blue လို့ခေါ်တဲ့ ကာလာတစ်ရောင်တည်းပဲ လာပြီး ဈေးကတော့ ဒေါ်လာ ၂၆၀၀ ( မြန်မာငွေ သိန်း ၄၀ ခန့်) ဈေးနဲ့ရောင်းချသွားမယ်လို့ဆိုပါတယ်။