
တစ်ခါတလေမှာ ချိန်းဆိုထားတာတစ်ခုကို ခိုင်မာတဲ့အကြောင်းပြချက်မရှိဘဲ သင်ဘယ်လိုမှ သွားချင်စိတ်မရှိတော့တာ ဖြစ်တတ်ပါတယ်။
အဲဒီအခါမျိုးမှာ အခင်အမင်လည်း မပျက်ရလေအောင် အကြောင်းပြချက်ကောင်းကောင်းပေးပြီး ငြင်းတတ်ဖို့တော့လိုပါတယ်။
၁။ ဖျားနေတယ်
ဒါဟာ အကောင်းဆုံးအကြောင်းပြချက်တစ်ခုဖြစ်ပေမဲ့လည်း အဲဒီလူရှေ့မှာ နေမကောင်းတဲ့ပုံစံတော့ နေပြဖို့တော့ လိုပါတယ်။

၂။ မိသားစု ဒါမှမဟုတ် ရည်းစားက နေမကောင်းဘူး
နံပါတ်တစ်လိုမျိုး ဟန်အများကြီးမဆောင်ချင်တဲ့အခါ တခြား ကိုယ်နဲ့ အရင်းနှီးဆုံးသူတစ်ဦး နေမကောင်းကြောင်း ပြောလို့ရပါတယ်။
၃။ အလုပ်
သင့်သူငယ်ချင်းက သင့်အလုပ်နဲ့ နီးစပ်သူမဟုတ်ဘူးဆိုရင် အလုပ်ကို အကြောင်းပြလို့ ရပါသေးတယ်။
၄။ မိသားစုကိစ္စ
မိသားစု ဖျားနာတာလို့ မပြောချင်ဘူးဆိုရင်တော့ မိသားစု အရေးကိစ္စတစ်ခုခု ရှိလို့ သူတို့နဲ့အတူ ရှိနေဖို့လိုတယ်လို့ ပြောနိုင်ပါတယ်။
၅။ မေ့နေလို့
နောက်ဆုံး ဘာအကြောင်းပြချက်မှ မပေးချင်ဘူးဆိုရင်၊ အုပ်စုလိုက် ချိန်းဆိုမှုတစ်ခုဆိုရင် မသွားဘဲနေပြီး နောက်မှ မေ့သွားလို့လို့ ပြောလို့ရပါတယ်။
၆။ တစ်စုံတစ်ယောက်က သင့်ကို အံသြအောင် အစီအစဉ်လုပ်ထားလို့
ကိုယ့်အချစ်ဆုံး သူငယ်ချင်း ဒါမှမဟုတ် ချစ်သူက သင့်အတွက် အထူးအစီအစဉ်တစ်ခု သင်အံ့သြအောင် ပြုလုပ်ပေးနေလို့လို့ ပြောလိုက်ပြီး သာမန်ချိန်းဆိုမှုတစ်ခုကို အလွယ်တကူ ဖျက်နိုင်ပါတယ်။
၇။ ရည်းစားနဲ့ ရန်ဖြစ်နေလို့
ရည်းစားရှိသူတွေအတွက် အကောင်းဆုံး အကြောင်းပြချက်တစ်ခုပါပဲ။
၉။ အိမ်ပြဿနာ
အိမ်မှာ ရေပိုက်ပျက်နေတာ၊ မီးပျက်သွားတာ စတဲ့ အကြောင်းပြချက်ကြောင့် သင်အပြင်မထွက်နိုင်ဘူးဆိုရင် ဘယ်သူကမှ သင့်ကို အပြစ်တင်မှာ မဟုတ်ပါဘူး။
၁၀။ အမှန်အတိုင်းပြောလိုက်ပါ။
"အပြင်ထွက်ဖို့ စိတ်မပါဘူး" လို့သာ ပြောလိုက်ပါ။ တစ်ဖက်သူက စိတ်ကသိကအောက်တော့ ဖြစ်ချင် ဖြစ်သွားမှာပေါ့။
Source & Photos : Metro