၁ - ဘာလုပ်ရမယ်
ဘာလုပ်ရမယ်၊ ဘာဖြစ်ရမယ်လို့ အမြဲပြောနေတာကို စွန့်လွှတ်လိုက်ပါ။ သင့်ဘက်က ကောင်းစေချင်တာ၊ စိုးရိမ်တာက မှန်ပါတယ်။ ဒီလိုလိုက်ပြောနေတာဟာ သူတို့ရဲ့ ကိုယ်ပိုင်စွမ်းရည်တွေကို တွေ့ရှိဖို့မှာ အခက်အခဲဖြစ်သွားစေပါတယ်။ သူတို့ရဲ့ တီထွင်နိုင်စွမ်းကိုလည်း ထိခိုက်သွားပါလိမ့်မယ်။
၂ - မျှော်လင့်မှု
မဖြစ်နိုင်တဲ့ မျှော်လင့်မှုတွေ အရမ်းမထားသင့်ပါဘူး။ ကလေးတွေက လူသားတွေဖြစ်တဲ့အပြင် ငယ်ရွယ်သူတွေဖြစ်ပါတယ်။ သူဘာဖြစ်ချင်တယ်ဆိုတာကိုပဲ အမှန်တကယ်တွေ့ရှိအောင် ကူညီရမှာ ဖြစ်ပါတယ်။
၃ - ကာကွယ်မှု
ထစ်ကနဲဆိုတာနဲ့ သင့်ကလေးဘက်က ဆတ်ဆတ်ထိမခံဖြစ်တာကိုလည်း စွန့်လွှတ်ပါ။ တစ်ချို့ကိစ္စတွေက သူတို့ကိုယ်တိုင် သင်ယူရမှာ ဖြစ်ပါတယ်။
၄ - အပြစ်တင်မှု
အမှားလုပ်မိတာနဲ့ သူတို့ကို အပြစ်တင်နေတာတွေ မလုပ်သင့်ပါဘူး။ တော်ရုံကိစ္စလောက်ကို အပြစ်တင်ပြောဆိုနေတာမျိုးကို လုံးဝစွန့်လွှတ်သင့်ပါတယ်။ အဆိုပါအမှားတွေကနေ သူတို့တစ်ခုခု သဘောပေါက်နားလည်သွားအောင်ပဲ ကူညီရမှာ ဖြစ်ပါတယ်။
၅ - ဉာဏ်ရည်
ဉာဏ်ရည်ကို ချီးကျူးတာထက် လုပ်ရပ်ကိုပဲ ချီးကျူးပါ။ သင့်ဘက်က ဉာဏ်ဘယ်လောက်ကောင်းကြောင်း အမြဲပြောတာဟာ ကလေးကို ဉာဏ်ကောင်းတဲ့လူဆိုတဲ့ အမျိုးအစားတစ်ခု သတ်မှတ်ပေးလိုက်သလိုပါပဲ။ နောက်ပိုင်းမှာ သူဟာ ဒီအမျိုးအစားထဲက လူဖြစ်ကြောင်း ပြသဖို့ပဲ ကြိုးစားပါတော့တယ်။
ကြီးလာတဲ့အခါ ငွေကြေးကိုပဲကြည့်သူ၊ ကိုယ်ကောင်းဖို့ပဲ ကြည့်သူဖြစ်လာပြီး ဂရုဏာတရား၊ မေတ္တာတရား၊ လူလူချင်းနားလည်မှုဆိုတဲ့ သိမ်မွေ့တဲ့ခံစားချက်တွေကို ဂရုစိုက်ရကောင်းမှန်းမသိသူ ဖြစ်လာပါတယ်။
Photos & Source: Lifehack