လတ်တလော အင်စတာဂရမ်မှာ မိန်းကလေးတွေစိတ်ဝင်စားမှုကို ရရှိနေပြန်တာကတော့ အီတလီနိုင်ငံသား သင်္ချာဆရာလေးတစ်ယောက်ပါပဲ။ သူ့နာမည်က Boselli လို့ ခေါ်ပါတယ်။ အသက် ၂၈ နှစ်အရွယ် Boselli က လန်ဒန်ကောလိပ်တက္ကသိုလ်မှာ သင်္ချာဘာသာကို သင်ကြားနေပါတယ်။ အခုသူက ပါရဂူဘွဲ့အတွက် လေ့လာနေတယ်လို့လည်း သိရပါတယ်။
Boselli ရဲ့ အင်စတာဂရမ်မှာ တင်ထားတဲ့ ပုံတွေကြောင့် တစ်နေ့တစ်ခြား ပိုပြီး နာမည်ကျော်လာပါတယ်။ ဆွဲဆောင်မှုရှိရှိ ချောမောလွန်းတဲ့ သင်္ချာဆရာလေးက ယောက်ျားပီသတဲ့ ကိုယ်ခန္ဓာလည်း ပိုင်ဆိုင်ထားပြန်တော့ မိန်းကလေးတွေကလည်း ကြွေနေရပြီပေါ့။
Source : Indy 100