standard မော်ဒယ်ထက် ဒေါ်လာ ၂၀၀ ပိုဈေးများပါတယ်

Samsung ရဲ့ တတိယမြောက် Foldable ဖုန်းနဲ့အတူ ကုမ္ပဏီရဲ့ 5G ဗားရှင်း တက်ဘလက်လည်း ဈေးကွက်ပေါ် ရောက်လာပြီ ဖြစ်ပါတယ်။

Galaxy Tab S7 5G ကို စက်တင်ဘာ ၁၈ ရက်နေ့ ဈေးကွက်တင် ရောင်းချသွားမှာ ဖြစ်ပြီး 4G ဗားရှင်းကနေ 5G ဖြစ်လာတာကလွဲပြီး ကျန်တာအတူတူပဲ ဖြစ်ပါတယ်။ 5G ဗားရှင်း Tab S7 ဟာ standard မော်ဒယ်ထက် ဒေါ်လာ ၂၀၀ ပိုဈေးမြောက်ပါတယ်။ ဈေးကွက်မှာ Galaxy Tab S7 5G ကို ဒေါ်လာ ၈၅၀ (မြန်မာငွေ ၁၁ သိန်းခွဲခန့်) ဈေးနဲ့ ရောင်းချသွားမှာပါ။ 



Photo: Tech Crunch


Samsung ရဲ့ ဩဂုတ်လ Unpacked 2020 ပွဲမှာ Galaxy Tab S7 ဟာ ၁၁ လက်မ LCD display နဲ့လာပြီး 120Hz refresh rate သုံးထားတာ ဖြစ်ပါတယ်။ Galaxy Note 20 မှာ သုံးထားတဲ့ S Pen နဲ့ လာပြီး ဘေးဘောင်လက်ဗွေစနစ် ထည့်သွင်းထားပါတယ်။ OS အနေနဲ့ Android 10 ကို အခြေခံထားတဲ့ OneUI 2.5 နဲ့ လာပါတယ်။

Snapdragon 865 Plus SoC နဲ့အတူ 6GB LPDDR5 RAM ၊ 128GB UFS 3.0 storage သုံးထားပါတယ်။ နောက်ထပ်လည်း RAM 8GB/256GB storage နဲ့ထွက်ထားသလို microSD card slot ကနေ 1TB storage အထိ ထပ်မြှင့်နိုင်မှာပါ။ ကျောဘက်မှာ 13MP primary sensor နဲ့ 8MP ultrawide sensor သုံးထားပါတယ်။

ရှေ့မှာ 8MP wide lens သုံးထားပြီး 8000 mAh ဘက်ထရီ ၊ 45W Super Fast Charging နည်းပညာ နဲ့လာပါတယ်။ Mystic Black ၊ Mystic Bronze နဲ့ Mystic Silver ကာလာတွေနဲ့ ထွက်ထားပါတယ်။ 

Share

Loading Next Article...
က္က