အလုပ်သွားတဲ့အခါ ခန့်ခန့်ညားညားဖြစ်ဖို့ လူကြီး အရမ်းဆန်တာမျိုး မဝတ်ပါနဲ့။
 

၁ - ဖိနပ်

ဒေါက်ဖိနပ်တော့ စီးရမှာ ဖြစ်ပါတယ်။ အရပ်အမောင်းမြင့်မားခြင်းဟာ ခန့်ညားတဲ့အသွင်ကို ဆောင်ပါတယ်။ ဒါပေမဲ့ ဒေါက်ဖိနပ်ကို သက်သောင့်သက်သာ စီးနိုင်ဖို့တော့ လိုပါတယ်။

 

၂ - အကျႌ

တီရှပ်တွေထက် ဘလောက်စ်အကျႌနဲ့ ရှပ်အကျႌမျိုးက ပိုပြီးခန့်ညားပါတယ်။ ကော်လံပါတဲ့ အကျႌမျိုးကလည်း အဆင်ပြေပါတယ်။ အရုပ်ပါတဲ့ အကျႌ၊ ဂီတအဖွဲ့ပုံပါတဲ့ အကျႌမျိုးတွေကိုတော့ ရှောင်ပါ။ အရောင်တောက်တောက်တွေထက် တည်ငြိမ်တဲ့အရောင်မျိုးကို ရွေးပါ။ အနက်ရောင်၊မီးခိုးရောင်၊ အညိုရောင်မျိုးပါ။

၃ - အကွက်အဆင်း

အကွက်အဆင်းနဲ့ အကျႌအဝတ်အစားမျိုး ရွေးမယ်ဆိုရင်လည်း တည်ငြိမ်တဲ့ အကွက်အဆင်းမျိုးကို ရွေးဖို့လိုပါတယ်။

 

၄ - လက်ဝတ်ရတနာ

ဖန်စီပစ္စည်းမျိုးတွေ ဝတ်မယ့်အစား လက်ဝတ်ရတနာကို ဝတ်သင့်ပါတယ်။ တန်ဖိုးရှိတဲ့ ဆွဲကြိုးလေးတစ်ကုံး၊ နားကပ်လေးတစ်ရံဆို အဆင်ပြေပါတယ်။

 

၅ - အလုပ်

လုပ်ငန်းခွင်အတွက်ဆိုရင်တော့ သတိထားပါ။ ကုတ်တွေဘာတွေနဲ့ အရမ်းလူကြီးဆန်တဲ့ အဝတ်အစားမျိုး ဝတ်တဲ့အခါ ကြည့်တဲ့လူအတွက် သင်ကအရမ်းကြီးဟိတ်ဟန်ထုတ်သလို ဖြစ်နေတတ်ပါတယ်။ အလုပ်သွားတဲ့အခါ ခန့်ခန့်ညားညားဖြစ်ဖို့ လူကြီး အရမ်းဆန်တာမျိုး မဝတ်ပါနဲ့။ တည်တည်ငြိမ်ငြိမ်ရှိတဲ့ အတွဲအစပ်မျိုးကို ဝတ်ပါ။ ကုတ်အကျႌဝတ်ရင် ဒီဇိုင်း ခေတ်မီတာမျိုး ဝတ်ပါ။

၆ - မိတ်ကပ်

မိတ်ကပ်လိမ်းရင်တော့ အနည်းငယ်တည်ငြိမ်တဲ့ ပုံစံမျိုး ပြင်သင့်ပါတယ်။

Photos & Source: wikiHow

Share

Loading Next Article...
က္က