လူတစ်ကိုယ်လုံးမှာ မျက်နှာတစ်ခုတည်းကိုပဲ လှပနေအောင် ပြင်ဆင်နေလို့ မပြီးပါဘူး။ ခေါင်းအစ ခြေအဆုံး သပ်ရပ်နေမှ နှစ်လိုဖွယ်အသွင်အပြင်ကို ရရှိနိုင်မှာပါ။ သပ်ရပ်ကျော့ရှင်းမှုကို နှစ်သက်တယ်ဆိုရင် ခြေဖဝါးတွေကိုလည်း လစ်လျူရှုမထားပါနဲ့။ နူးညံ့သန့်ရှင်းတဲ့ ခြေဖဝါးတစ်စုံက အောင်မြင်မှုတွေဆီကို လှလှပပ လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။
၁။ ခြောက်သွေ့နေတဲ့အရေပြားတွေကို ခြစ်မထုတ်ပါနဲ့
ခြေဖနောင့်ပိုင်းမှာ အပေါ်ယံအရေပြားက ခြောက်သွေ့ပြီး အသားမာတွေလို ဖြစ်တာမျိုးဆိုရင် အဲ့ဒီအသားမာတွေကို ခြစ်ထုတ်တာမျိုး မလုပ်ပါနဲ့။ အရေပြားက ခြောက်သွေ့ကြမ်းတမ်းနေချိန်မှာ ဓားနဲ့ခြစ်ထုတ်တာ၊ ကပ်ကြေးနဲ့ အသားမာတွေကို ညှပ်ထုတ်တာမျိုးက ဒဏ်ရာဖြစ်သွားစေပါတယ်။ ရေနွေးနဲ့စိမ်ပြီးမှသာ ဆဲလ်သေတွေကို ဖယ်ရှားသင့်ပါတယ်။
၂။ ရေနွေးစိမ်ပါ
ရေဇလုံတစ်လုံးထဲကို ရေနွေးပူပူလောင်းထည့်ပါ။ ပွက်ပွက်ဆူပြီးသားရေနွေးက အကောင်းဆုံးဖြစ်ပေမဲ့ အပူဒဏ်ကိုတော့ ခံနိုင်မှာမဟုတ်ပါဘူး။ ကိုယ်ခံနိုင်လောက်တဲ့ အပူထိရောက်အောင် ၁၅ မိနစ်လောက် စောင့်လိုက်ပါ။ ဆား၊ သံပရာရည်၊ နွားနို့တစ်ခွက်ကို လောင်းထည့်ပါ။ အမွှေးနံ့သာကြိုက်ရင် အမွှေးဆီ ၃ စက်လောက်လည်း ထပ်ထည့်နိုင်ပါတယ်။ ခြောက်သွေ့ကြမ်းတမ်းတဲ့ ခြေဖဝါးတွေဖြစ်ဖြစ် အနံ့ဆိုးတွေ ထွက်နေတဲ့ ခြေဖဝါးတွေဖြစ်ဖြစ် ဒီရေနွေးထဲမှာ နာရီဝက်လောက် စိမ်ထားလိုက်ရုံပါပဲ။
၃။ ဆဲလ်သေတွေဖယ်ရှားပါ
အသားမာတွေရှိနေရင် ခုချိန်ရောက်မှ ဖယ်ရှားသင့်ပါတယ်။ ရေနွေးစိမ်ထားတော့ ဆဲလ်သေတွေ အသားမာတွေက နူးပြီး ဖယ်ရှားလို့ကောင်းသွားပါပြီ။ ရေနွေးစိမ်ထားရင်း ချေးတွန်းကျောက်ခဲနဲ့ အသာအယာပွတ်တိုက်ပြီး ဆဲလ်သေတွေကို ဖယ်ရှားပါ။
ဒီအဆင့် ၃ ဆင့်လံုံးကို ပြုလုပ်ပြီးသွားရင်တော့ ခြေထောက်တွေကို ရေပြန်ဆေးပြီး ရေခြောက်အောင်သုတ်ကာ အယ်လ်မွန်သီးအဆီ၊ Vaseline အလှဆီ၊ ဂလစ်ဆရင်း (Glycerine) တို့အနက် နှစ်သက်ရာတစ်ခုခုကို လိမ်းကာ ခြေအိတ်စွပ်ထားပေးရပါမယ်။ တစ်ပတ်တစ်ကြိမ် ပုံမှန်လုပ်ရင် တစ်လအကြာမှာ ခြေဖဝါးတွေ သိသိသာသာ လှပသွားပါလိမ့်မယ်။
Source : Daily Remedies