1 - Vanilla
၁၇၀၀ ပြည့်နှစ်တွေကတည်းကို ဆန့်ကျင်ဘက်ကို ဆွဲဆောင်နိုင်တဲ့အနံ့အဖြစ် Vanilla ကို ယုံကြည်ခဲ့ကြတာ ဖြစ်ပါတယ်။ Vanilla ရဲ့ အနံ့ဟာ ချိုမြပြီး ဖော်ရွေတဲ့အနံဖြစ်ကာ စိတ်ပိုင်းဆိုင်ရာကို လှုံ့ဆော်မှု ပေးနိုင်ပါတယ်။
Shalimar တံဆိပ်က နာမည်ကြီးပါတယ်။ အိန္ဒိယ မိဘုရားတစ်ပါးဇာတ်လမ်းက ဒီရေမွှေးဖြစ်လာဖို့ လှုံ့ဆော်မှုတွေအများကြီး ရှိခဲ့တယ်လို့ သိရပါတယ်။
2 - Doughnut & Black Licorice
ဒိုးနပ်နဲ့ နွယ်ချိုနက်ကို ပေါင်းစပ်ထားတဲ့ အနံ့ဖြစ်ပါတယ်။ သုတေသနတစ်ခုအရ အမျိုးသား ၃၀ ရာခိုင်နှုန်းကျော်ရဲ့ နိုးကြားမှုတွေကို အဆိုပါရေမွှေးနံ့က မြင့်တက်စေတယ်လို့ ဆိုပါတယ်။
Demeter, Licorice အမှတ်တံဆိပ်က နာမည်ကြီးပါတယ်။
3 - Orange
လိမ္မော်သီးရဲ့အချဉ်ဓာတ်နံ့ဟာ အမျိုးသား ၂၀ ရာခိုင်နှုန်းကို နိုးကြားတဲ့တုံပြန်မှုတွေ ဖြစ်စေပါတယ်။ Boss Orange လို အမှတ်တံဆိပ်တွေက နာမည်ကြီးပါတယ်။
4 - Popcorn
ပြောင်ဖူးပေါက်ပေါက် ရေမွှေးနံကလည်း အမျိုးသားတွေကို ဆွဲဆောင်နိုင်ပါတယ်။ Demeter, Popcorn အမှတ်တံဆိပ်က နာမည်ကြီးပါတယ်။
Photos & Source: your tango