ဆံပင်အရောင် မဆိုးဖူးတဲ့လူဆိုတာ အတော်ကိုရှားသွားပါပြီ။ ဆံပင်အရောင်ကို ဆေးဆိုးပြီးပြောင်းလဲတာ ကောင်းပါတယ်။ ကိုယ့်ရဲ့အသွင်အပြင်ကို ပြောင်းလဲစေတယ်လေ။ အရောင်မှန်မှန်ကန်ကန်ရွေးဖို့တော့ လိုတာပေါ့။ မဟုတ်ရင် ဆေးဆိုးလိုက်မှ ကိုယ့်မျက်နှာပိုရင့်သွားတာမျိုး ဖြစ်တတ်ပါတယ်။
၁။ Highlight များလွန်းတာ
ဆံပင်ကို အရောင်တွေဖောက်တာတွေ များသွားရင်လည်း ကြည့်မကောင်းပါဘူး။ ဆံပင်က ခြောက်သွေ့ပျက်စီးနေတဲ့ပုံ ပေါက်သွားရောလေ။ ဟိုက်လိုက်ဖောက်မယ်ဆို ကိုယ့်အသားအရောင်နဲ့လိုက်ဖက်မယ့်အရောင်ကို ရွေးမှဖြစ်မှာပါ။
၂။ အနီရောင်
တစ်ခေါင်းလုံးအနီရောင်ဆိုးမယ်ဆို အရောင်အနု/အရင့်/အမှိုင်းကို သေသေချာချာ ရွေးဖို့လိုပါမယ်။ အသက် ၂၀ နဲ့ ၃၀ ကြား ဆိုရင် အနီရောင်မှိုင်းမှိုင်းလေးတွေက လိုက်ပါတယ်။ ဒါပေမဲ့ အရောင် အဖျော့/အမှိုင်းကို ဂရုစိုက်ပါ။ ကိုယ့်အသားအရောင်က အညိုများရင် အနီနဲ့မလိုက်ပါဘူး။
၃။ ရောင်စုံ
သက်တံလို အရောင်စုံဆံပင်တွေက ကြည့်လို့တော့လှပါရဲ့။ ကိုယ်နဲ့မလိုက်ဘူးဆိုရင် လူရွှင်တော်ပုံပေါက်သွားနိုင်ပါတယ်။ အရောင်တွေကို သဘာဝကျကျ ရောစပ်ခြင်းကသာ ကိုယ့်အတွက် လိုက်ဖက်တာပါ။
နောက်ထပ် အကြံပေးလိုတာက ခုခေတ်စားနေတဲ့ Ash ပုံစံ ဆိုးတာမျိုးတွေကလည်း ကိုယ်နဲ့လိုက်မယ့်အရောင်၊ ဆံပင်ဆိုးပေးမယ့်ပညာရှင်၊ ကိုယ်ကျင်လည်ရမယ့် ပတ်ဝန်းကျင်နဲ့ အဆင်ပြေမှဖြစ်တာမို့ ဆိုးချင်စိတ်ပေါ်တိုင်း ချက်ခြင်းမလုပ်လိုက်ပါနဲ့။
Photos : Pinterest