Flagship-level အတွေ့အကြုံမျိုးကို အကြီးမားဆုံးအဖြစ် ပေးစွမ်းသွားဖို့ရှိနေပါတယ်။

realme Myanmar ကလာမယ့် မေလာ ၁၂ရက်မှာ realme စမတ်ဖုန်း series သစ်ဖြစ်တဲ့ 6 series ကို တရားဝင်မိတ်ဆက်ပေးသွားရန်ရှိနေပြီး ယခင် 5 series ထက် ပိုမိုသာလွန်ထူးခြားသည့် Hardware နှင့် Software ဆိုင်ရာများကို user များအနေဖြင့် ထိတွေ့အသုံးပြုနိုင်စေမည်ဖြစ်ပြီး Premium Mid-ranger series တွင် Flagship-level အတွေ့အကြုံမျိုးကို အကြီးမားဆုံးအဖြစ် ပေးစွမ်းသွားဖို့ရှိနေပါတယ်။

realme 6 series မှာ realme 6 နဲ့ realme 6 Pro အဖြစ် ထုတ်ကုန်၂မျိုးပါဝင်ပြီး 64MP ProCamera ProDisplay ဆိုသည့်အတိုင်း ၂မျိုးစလုံးတွင် ပိုမိုအရည်အသွေးမြင့်မားသည့် 64MP နောက်ဘက်ကင်မရာများကို အသုံးပြု ပေးထားမှာ ဖြစ်သလို ဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံပိုင်းတွင်လည်း ပိုမိုဆန်းသစ်သည့် feature များကို အသုံးပြုရမှာ ဖြစ်ပါတယ်။

ProDisplay လို့ ဆိုထားတဲ့ အတိုင်း FullHD+ ရုပ်ထွက်အရည်အသွေးကိုမှ 90Hz Screen Refresh Rate စနစ်ကို ထည့်သွင်းအသုံးပြုပေးထားခြင်းကြောင့် ထိတွေ့တုံ့ပြန်မှုအပိုင်းအထူးမြန်ဆန်ကောင်းမွန်ကာ ဂိမ်းကစားခြင်း အတွေ့အကြုံပိုင်းမှာ အားသာချက်တစ်ခုအဖြစ် ရရှိစေမှာ ဖြစ်ပါတယ်။

ထုတ်ကုန် ၂မျိုးစလုံးမှာ ယခင်ထက်ပိုမိုမြန်ဆန်တဲ့ 30W Flash Charge အားအမြန်သွင်းစနစ်ကို ထည့်သွင်း ပေးထား တာကြောင့် 4300mAh battery ကို တစ်နာရီအတွင်းမှာပင် 0 to 100 % အဖြစ် အားအပြည့် သွင်းပေးနိုင်မှာ ဖြစ်ပါတယ်။ 

realme 6 မှာ ယခင် 5 Pro မှာအသုံးပြုထားတဲ့ Snapdragon 712 CPU ထက်များစွာသာလွန်သော Helio G90T CPU ကိုတိုးမြှင့်အသုံးပြုပေးထားပြီး realme 6 Pro အတွက် Overall Performance အထူးကောင်းမွန်သည့် Snapdragon 720G CPU ကိုထည့်သွင်းပေးထားပါတယ်။ 

realme 6 မှာရှေ့ဘက် 16MP Selfie ကင်မရာအပါအဝင် ကင်မရာ ၅လုံးပါဝင်ပြီး၊ realme 6 Pro တွင် Dual In-display Selfie စနစ်ကိုပထမဆုံးအဖြစ်ထည့်သွင်းပေးထားကာ မြင်ကွင်းကျယ် Selfie ရိုက်ကူးမှုအတွေ့အကြုံသစ်ကိုပါ တိုးမြှင့်ရရှိစေမှာ ဖြစ်ပါတယ်။ 

realme 6 အတွက် Comet White နှင့် Comet Blue ၂ရောင်ရွေးချယ်နိုင်ပြီး realme 6 Pro မှာ Lightning Red နှင့် Lightning Blue ၂ ရောင်ကိုရွေးချယ်နိုင်စေမည်ဖြစ်ကာ နောက်ဘက်ဒီဇိုင်းမှာ Model အလိုက် တစ်မျိုးစီလှပ ဆွဲဆောင်မှုအပြည့်ရှိစေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် realme 6 Pro ရဲ့နောက်ကျော်ဘက်ကို ပိုမို Premium ဆန်သည့် Corning Gorilla Glass ဖြင့် ဖုံးအုပ်ပေးထားသည့် ဖန်သားနောက်ကျော်မျက်နှာပြင်မျိုးဖြစ်ပါတယ်။

(ဒီသတင်းကို realme မှပံ့ပိုးကူညီထားပါတယ်)

Share

Loading Next Article...
က္က