• Hermès Birkin အိတ်ကိုဝယ်ထားတာက ရွှေစုတာထက်ပိုကောင်းတယ်ဆိုပဲ

ဈေးက တရိပ်ရိပ်တက်နေပြီး ဘယ်တော့မှပြန်မကျဘူး။
image
 

လက်ထဲကငွေတွေကို ရင်းနှီးမြှုပ်နှံတဲ့အခါ စတော့ရှယ်ရာ သို့မဟုတ် ရွှေဝယ်စုပြီး ရင်းနှီးထားကြတယ်။ ဈေးတက်လာရင် ပြန်ရောင်းပေါ့။ အိတ်တစ်လုံးကို ရွှေစုသလို စုထားရင် ပိုတောင်မြတ်ဦးမယ်လို့ ဖက်ရှင်ကျွမ်းကျင်သူတွေက ဆိုလိုက်ပါတယ်။

Hermès အမှတ်တံဆိပ်ရဲ့ Hermès Birkin လက်ကိုင်အိတ်ကို ဝယ်ထားပြီး ပြန်ရောင်းမယ်ဆို အမြတ်များစွာ ရနိုင်တယ်လို့ အွန်လိုင်းဈေးကွက်ဝက်ဘ်ဆိုက် Baghunter က ဖော်ပြထားတာပါ။ ယင်းဝက်ဘ်ဆိုက်ဟာ တန်ဖိုးကြီးလက်ကိုင်အိတ်တွေကို ဝယ်ရောင်းလုပ်နေမှုအပေါ် လေ့လာသုံးသပ်ပြီး မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ Hermès Birkin အိတ်တွေရဲ့ ဈေးနှုန်းဟာ လွန်ခဲ့တဲ့ ၃၅ နှစ်အတွင်းမှာ ရွှေဈေးလိုပဲ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။

image
 

ဈေးကွက်ထဲက ရင်းနှီးမြှုပ်နှံမှု သုံးမျိုးကို လေ့လာကြည့်ရာမှာ စတော့ရှယ်ယာပိုင်းက ပုံမှန် ပျမ်းမျှအကျိုးအမြတ်ရရှိမှုဟာ ၁၁.၆၆ % သာ ရှိပါတယ်။ ရွှေစုထားပြီး ပြန်ရောင်းရင် ၁.၉ % သာ ပြန်မြတ်လေ့ရှိပါတယ်။ Hermès Birkin အိတ်ကို ဝယ်ထားပြီး ပြန်ရောင်းမယ်ဆို တစ်နှစ်မပြည့်ခင်မှာပဲ အမြတ်ပိုများများနဲ့ ပြန်ရောင်းထုတ်နိုင်ပါလိမ့်မယ်။ ဈေးက တရိပ်ရိပ်တက်နေပြီး ဘယ်တော့မှပြန်မကျတဲ့အပြင် တစ်နှစ်အတွင်းမှာပဲ ၂၅% လောက် ပြန်မြတ်နိုင်တယ်လို့  Baghunter က ရေးသားထားတာ တွေ့ရပါတယ်။ 

 

Hermès Birkin အိတ်တွေဟာ အဆင့်အတန်းမြင့် ကြေးရတတ်အသိုင်းအဝိုင်းတွေသာ ကိုင်နိုင်လေ့ရှိတဲ့ တန်ဖိုးကြီးအိတ်အမျိုးအစား ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းကဆိုရင် မိကျောင်းသားရေနဲ့လုပ်ထားတဲ့ Hermès Birkin အိတ်တစ်လုံးဟာ အမေရိကန်ဒေါ်လာ ၂၂၃,၀၀၀ နဲ့ ရောင်းထွက်ခဲ့ဖူးတဲ့အထိပါပဲ။

Source : Independent

Share

Loading Next Article...
က္က