သူတို့ရဲ့ အမှန်တကယ်ရှိရင်း မူလအလေးချိန်ကိုရှာ မယ်ဆိုရင် လျော့သွားတဲ့အလေးချိန်ကို ပေါင်းထည့်ရမယ်ပေါ့ဗျာ။

images.jpg 

ဒီမေးခွန်းအတွက် “သစ်တစ်တန်က ပိုလေးတယ်” လို့ ဖြေလိုက်ရင် ကျနော်တိုအားလုံး ရယ်ချင်နေမလားပဲ။ ဒါပေမဲ့ မရယ်လိုက်ကြနဲ့ဗျ။ အဲဒါ တကယ့်အမှန်ပဲ။ အာခီမီးဒီး(စ်)ရဲ့ သီအိုရီအရ တွက်ထုတ်ကြည့်တဲ့အခါ သူတို့ရဲ့ အမှန်တကယ် မူလအလေးချိန်မှာ ကွာခြားနေတာကို တွေ့ရတယ်ဆိုပဲဗျ။

အကြောင်းက၊ ကျနော်တို့ အခါတိုင်း တစ်တန်တို့၊ တစ်ပိဿာတို့ပြောနေတဲ့ အချိန်အတွယ်ပမာဏတွေဟာ လေထဲမှာချိန်ကြည့်လိုက်လို့ရလာတဲ့ သတ်မှတ်ချက်အတိုင်းအတာတွေပဲဗျ။ ဘာလို့လဲဆိုတော့ အရာဝတ္ထုတိုင်းဟာ အရည်ထဲမှာ အရည်ရဲ့ဖော့အားသက်ရောက်တာခံရသလို လေထဲမှာလည်း လေရဲ့ ဖော့အားသက်ရောက်တာကို ခံကြရတယ်ဆိုပဲ။ ဒါဆို လေထဲမှာချိန်တဲ့အလေးချိန်နဲ့ ရေထဲမှာချိန်တဲ့ အလေးချိန်ဟာလည်း မတူနိုင်ဘူးပေါ့ဗျာ။

 

ကျနော်တို့ အသုံးပြုနေကြတဲ့ မှန်ကန်တဲ့အလေးချိန်ဆိုတာ လေဟာနယ်ထဲမှာ ချိန်စက်လို့ရတဲ့ တိုင်းတာ သတ်မှတ်ချက်တစ်ခုပဲဗျ။ ဒါကြောင့် ကျနော်တို့မှာ ချိန်ခွင်အကြီးကြီးသာ ရှိခဲ့မယ်ဆိုရင် သစ်တစ်တန်နဲ့ သံတစ်တန်ကို တစ်ဖက်စီထည့်ပြီး ချိန်ကြည့်ရင် တူနေတာကိုတွေ့ရလိမ့်မယ်ဗျ။ ဒါ ဘာကြောင့်လဲဆိုရင် ဒီနှစ်ခုလုံးကို လေဟာနယ်ထဲမှာ ချိန်ကြည့်လိုက်လို့ပါ။

 

တကယ်တော့ အရာဝတ္ထုတွေကို လေထဲမှာပဲချိန်ချိန် ရေထဲမှာပဲချိန်ချိန် သူတို့ရဲ့ဖော့အားသက်ရောက်မှုကြောင့် အလေးချိန်ရဲ့ တစ်စိတ်တစ်ပိုင်းတော့ လျော့သွားမှာအမှန်ပဲဗျ။ ဒါကြောင့် အာခီမီးဒီး(စ်)ရဲ့ သီအိုရီအရ အရာဝတ္ထုတစ်ခုကို လေထဲမှာ ချိန်တွယ်လိုက်တဲ့အခါ လျော့သွားတဲ့ အလေးချိန်ဟာ အဲဒီအရာဝတ္ထုက ဖယ်ရှားလိုက်တဲ့ လေရဲ့ပမာဏနဲ့ ညီမျှတယ်ဆိုပဲဗျ။ ဒါဆို သူတို့ရဲ့ အမှန်တကယ်ရှိရင်း မူလအလေးချိန်ကိုရှာ မယ်ဆိုရင် လျော့သွားတဲ့အလေးချိန်ကို ပေါင်းထည့်ရမယ်ပေါ့ဗျာ။

 

သံတစ်တန်မှာ ၁/၈ ကုဗမီတာခန့် ထုထည်ရှိပြီး သစ်တစ်တန်မှာ ၂ ကုဗမီတာခန့် ထုထည်ရှိနေတာကြောင့် ပုံမှန်အပူချိန် ၂၀ ဒီဂရီ စင်တီဂရိတ်မှာ သူတို့ရဲ့ ဖယ်ထုတ်လိုက်တဲ့ လေရဲ့အလေးချိန်ဟာ ၂.၃ ကီလိုဂရမ် ကွာခြားနေတယ် ဆိုပဲဗျ။ ဒါကြောင့် သံတစ်တန်နဲ့ သစ်တစ်တန်တို့ရဲ့ တကယ့်မူလအလေးချိန်တို့မှာ သစ်က သံထက် ၂.၃ ကီလိုဂရမ် ပိုလေးနေတယ်လို့ ဆိုလိုခြင်းဖြစ်ပါတယ်။

Reference: အဘယ်ကြောင့်တစ်သိန်း(ကြည်ကြည်မာ),  100 Thousand Whys (New Century Edition)

Share

Loading Next Article...
က္က