• အသက် ၁၀၀ ပြည့် အမြွှာညီအစ်မရဲ့ ကြည်နူးစရာပုံရိပ်လေးများ

ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက်လုံး အရင်းနှီးဆုံးသူငယ်ချင်းလို နေထိုင်ခဲ့ကြတာ
[Zawgyi Version]

အသက်ရှည်ရှည် ကျန်းကျန်းမာမာ နေရခြင်းဟာ ကြီးမားတဲ့ဆုလာဘ်ကြီးတစ်ခုပါ။ အသက် ၁၀၀ ထိ နေနိုင်ဖို့ဆိုတာလည်း ခက်ခဲလွန်းတယ်မဟုတ်လား။

 

အဲ့လို ခက်ခဲတာကိုမှ အသက် ၁၀၀ ပြည့် မွေးနေ့ကို ကိုယ့်ရဲ့အမြွှာဖြစ်သူနဲ့အတူ ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘွားသက်ရှည်နှစ်ဦးလည်း ရှိပါတယ်။

 

ဘရာဇီးနိုင်ငံက မာရီယာ ပစ်ဂ်နတန် ပွန်တင်နဲ့ ပေါ်လီနာ ပစ်ဂ်နတန် ပန်ဒေါ့လ်ဖီတို့ ခွဲမရအောင်တူတဲ့ အမြွှာညီအစ်မ ဖြစ်ပါတယ်။ ယခုသီတင်းပတ်အတွင်းမှာပဲ သူတို့နှစ်ယောက်က အသက် ၁၀၀ ပြည့်သွားခဲ့ပါတယ်။ ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျှောက်လုံး အရင်းနှီးဆုံးသူငယ်ချင်းလို နေထိုင်ခဲ့ကြတာမို့ သူတို့ကိုမြင်ရတာ ကြည်နူးစရာပါ။

 

အသက် ၁၀၀ ပြည့်မွေးနေ့ကိုတော့ အမှတ်ရစရာလေးဖြစ်အောင် သူတို့မိသားစုတွေက စီစဉ်ပေးခဲ့ပါတယ်။ ဓာတ်ပုံဆရာမလေး ကမီလာကိုခေါ်ပြီး ညီအစ်မနှစ်ဦးရဲ့ ချစ်စရာပုံရိပ်လေးတွေကို ဖန်တီးစေခဲ့တာပါ။

 

အသက် ၁၀၀ အထိမ်းအမှတ်နဲ့ ရင်ဘတ်မှာ 100 စာတမ်းပါတဲ့ တီရှပ်လေးကို ဆင်တူဝတ်ကာ အဘွားနှစ်ဦးဟာ ကလေးငယ်လေးလို ပြုံးရွှင်စွာနဲ့ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။ အရွယ်နဲ့မလိုက်အောင် ကျန်းမာပြီး ပျော်ရွှင်နေကြပုံတွေက တကယ်ကိုကြည်နူးစရာကောင်းရဲ့မဟုတ်လား။

Source & Photo : Daily Mail

Share

Loading Next Article...