တော်ရုံဖီးလ်တာပဲကောင်းတယ်။ ကြာတော့ လူအမြင်ကတ်ခံရမယ်။

ခေတ်စကားနဲ့ပြောရင် ဖီးလ်(feel) တယ်ပေါ့။ တစ်ခုခုကို အရမ်းခံစားလွန်းတဲ့အခါ ပြောနေကြတဲ့စကားပါ။ မူရင်းစကားလုံးကို ခံစားတယ်လို့ အဓိပ္ပာယ်ရပေမဲ့ လက်ရှိခေတ်လူငယ်တွေကတော့ ဖီးလ်တယ်ဆိုရင် ဆွေးမြေ့ကြေကွဲတဲ့ဘက်ကို ပိုပြီးရည်ညွှန်းကြတယ်။ အသည်းကွဲနေတယ်၊ လွမ်းဆွတ်နေတယ် ဆိုပါစို့။ မင်းကတော့ အရမ်းကိုဖီးလ်နေတာပဲလို့ ဘော်ဒါတွေက ပြောကြတယ်။

 

အသည်းကွဲပြီး ဘာမှမလုပ်ဘဲ တမှိုင်မှိုင်တတွေတွေ ကြေကွဲလွန်း၊ ဖီးလ်လွန်းတာတွေက ကိုယ့်ဘဝကိုယ်ဖျက်ဆီးနေတာပဲ။ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကအစ ကိုယ့်ကိုပါ လှောင်ပြောင်လာကြနိုင်တယ်။ အသည်းကွဲတဲ့အခါ ခံစားချက်တွေကလည်း ရှုပ်ထွေးနေတာပဲ။ ဒါတွေကို ထိန်းချုပ်နိုင်မှဖြစ်မယ်။ အရမ်းခံစားလွန်းနေရင် မကောင်းဘူး။ ဒီနည်းတွေနဲ့ ကိုယ့်ခံစားချက်တွေကို ထိန်းချုပ်ကြည့်ပါ။

၁။ အပြစ်ရှိတယ်လို့ခံစားနေရတာကို စွန့်လွှတ်လိုက်

ကိုယ့်ကို သူကထားသွားတာဖြစ်ဖြစ် ကိုယ်က ထားခဲ့ရတာဖြစ်ဖြစ် မဆုံနိုင်လို့ ဝေးသွားရတာ။ အဲ့ဒီအခါကျတော့ ကိုယ့်အပြစ်တွေကြောင့် ဝေးရပါတယ်ဆိုပြီး ကြံဖန်တွေးမိတတ်ကြတယ်။ ကိုယ်ပဲ ကြေကွဲဝမ်းနည်းစိတ်ပုံလာရော။ ဘယ်သူ့အပြစ်မှမဟုတ်ဘူး ရေစက်မပါတော့လို့ သူနဲ့ဝေးရတာ ကိုယ့်အပြစ်လို့လည်း မတွေးကြေး။

 

၂။ ကိုယ့်ကိုယ်ကိုယ်သနားမိ

"ငါလေးဟာ သနားစရာကောင်းလိုက်လေခြင်း" .....။ ခေါင်းထဲမှာ ဒါပဲတွေးမိတယ်။ ကိုယ်က ချစ်ပါလျက်၊ ဂရုစိုက်ပါလျက်နဲ့ ထားရစ်ခံရတယ်ဆိုပြီးတော့လည်း တွေးမိတယ်။ ကိုယ့်ကိုယ်ကိုယ် သနားလို့ကိုမဆုံးနိုင်ဘူး။ အဲ့ဒါက ထောင်ချောက်တစ်ခုလို ကိုယ့်ကိုပိတ်လှောင်နေမိစေတာ။ ဒီခံစားချက်ကို မရအရ ဖယ်ရှားပါ။ ကိုယ်ဒီလောက်ကောင်းတာတောင် သူက ထားသွားတယ်ဆိုရင် သူနဲ့မတန်လို့ပေါ့။

၃။ အဆင်ပြေနေတဲ့အပေါ် ကိုယ့်ကိုယ်ကိုယ်မဝေဖန်နဲ့

ဘယ်လိုမှ အဆင်မပြေတော့တဲ့ အချစ်ရေးကို ကိုယ့်ဘက်ကအရင် အဆုံးသတ်လိုက်တယ်။ ဒါကြောင့်လည်း စိတ်ထဲမှာ သက်တောင့်သက်သာရှိသွားတယ်။ ဒါမှမဟုတ် အသည်းကွဲနေတယ်ဆိုပြီး ဘော်ဒါတွေနဲ့ KTV သွားပြီး ဟဲပလိုက်လိုက်လို့ စိတ်ပေါ့သွားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်စိတ်ခံစားချက် ကောင်းနေဖို့က အရေးကြီးတယ်။ ဒါကိုပဲ ဖြစ်သင့်လား၊ မဖြစ်သင့်ဘူးလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဝေဖန်ပိုင်းခြားတာတွေ မှတ်ချက်ချတာတွေ မလုပ်မိနဲ့။ အဲ့ဒီစိတ်ဝင်လာတာနဲ့ လူက ကြေကွဲမိလာလိမ့်မယ်။

 

၄။ ဒေါသတွေ

တစ်ခါတစ်ခါမှာလည်း အသည်းကွဲခြင်းအပေါ် ဒေါသတွေဖြစ်မိတယ်။ ဒင်းလိုလူမျိုး ငါနဲ့မတန်ဘူး၊ သူက ဘယ်လိုလူမျိုးမို့လို့ ငါ့ကိုအသည်းခွဲတာလဲ စတဲ့ဒေါသတွေ ထွက်လာမိသေးတယ်။ ထွက်ပလေ့စေ။ ဒေါသကို အတင်းမျိုသိပ်မထားနဲ့။ တစ်ခုတော့ရှိတယ်။ ဒေါသထွက်နေချိန်မှာ သူငယ်ချင်းတွေနဲ့မတွေ့နဲ့၊ စကားမပြောနဲ့။ စိတ်ထဲကဖြစ်နေတာတွေကို စာရွက်ပေါ်ချရေးပြီး မီးရှို့ပစ်လိုက်။ ခွင့်လွှတ်ဖို့လိုတဲ့လူတွေကို ခွင့်လွှတ်ရမယ့်အထဲမှာ ကိုယ်တိုင်လည်းပါဝင်တယ်။ ကိုယ့်ဒေါသတွေ ပေါက်ကွဲမိတဲ့အပေါ် ကိုယ့်ကိုယ်ကိုယ်လည်း ခွင့်လွှတ်ပေးလိုက်ပါ။ ဒေါသကိုမျိုသိပ်ထားရင် လူက အိုစာလာတယ်လေ။

Ref : The Queen Of The Comeback by Nidhika Bahl

Share

Loading Next Article...
က္က