Photo- Aye Chan(Facebook)
ရန်ကုန်မိုးက တစ်ခါဆို ဆိုသလောက်ပါပဲ။ မိုးကြီးုပြီဆိုတာနဲ့ ရေပါလိုက်ကြီးတတ်တဲ့ ရန်ကုန်မြို့မှာနေမယ်ဆိုရင် ယောကျ်ားလေးတွေအနေနဲ့ ကုန်းပိုးနိုင်ဖို့ အားရှိဖို့လိုသလို မိန်းကလေးတွေအနေနဲ့လည်း ကိုယ့်ဘဲ ကုန်းပိုးနိုင်လောက်တဲ့ (ဒါမှမဟုတ်) ပွေ့ချီနိုင်လောက်တဲ့ ကိုယ်အလေးချိန်လောက်ရှိနေဖို့တော့လိုတာပေါ့နော်။ ရန်ကုန်မှာရေကြီးရင် ရိုမန်းတစ်ဆန်နိုင်ကြစေဖို့ diet လုပ်စရာမလိုဘဲ ကိုယ်အလေးချိန်ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။
၁။ Timer နဲ့ အချိန်မှတ်စားပါ
အစာစားချိန်တွေမှာ မိနစ် (၂၀)လောက် Timer On ထားပြီး စားနေချိန်မှှာလည်း လောလော လောလောမစားဘဲ အစာကိုကျေညက်အောင်ဝါးစားသင့်ပါတယ်။ ဒီနည်းလမ်းက ကယ်လိုရီတွေ တွက်စရာမလို၊ ဟိုအစား ဒီအစားရှောင်စရာမလိုဘဲ ကိုယ်အလေးချိန်ကျဆင်းစေတဲ့ နည်းလမ်းတစ်မျိုး ဖြစ်ပါတယ်။ ကိုယ့်ပါးစပ်ထဲထည့်လိုက်တဲ့ ထမင်းလုပ်တိုင်းကို သေသေချာချာအရသာခံစားပြီး အချိန်စေ့တာနဲ့ ရပ်တန့်ပစ်နိုင်တဲ့အလေ့အကျင့်ကိုတော့မွေးထားပါ။ အမှန်တကယ်တော့ အစားအစာကို အလောတကြီးစားရင် သူငယ်ချင်းတို့ရဲ့အစာအိမ်က ဗိုက်ပြည့့်နေပြီဖြစ်ကြောင်း သတင်းပို့ချိန်ကိုနောက်ကျစေတဲ့အတွက် လိုအပ်တာထက်ပိုစားမိပြီး ဝိတ်တက်လာရတာဖြစ်ပါတယ်။ ဒါကြောင့် အချိန်မှတ်ပြီး အစာကို သေသေချာချာကျေညက်အောင်ဝါးစားခြင်းက ကိုယ်အလေးချိန်ထိန်းသိမ်းနည်းတစ်မျိုးပါပဲ။
၂။ အိပ်ချိန်များများပေးပါ
တစ်နေ့ကိုပုံမှန်ထက် တစ်နာရီပိုအိပ်ပေးမယ်ဆိုရင် တစ်နှစ်ကို ကိုယ်အလေးချိန် (၁၄) ပေါင်ကျဆင်းစေပါတယ်လို့ မီချီကန်တက္ကသိုလ်က သုတေသီတစ်ဦးကဆိုထားပါတယ်တဲ့။ အမှန်တကယ်လည်း တီဗီကြည့်ချိန်၊ အင်တာနက်သုံးချိန်တွေမှာ အာလူးကြော်လေးကောက်ဝါးလိုက်၊ ရေခဲသေတ္တာထဲရှိတာလေး ထုတ်စားလိုက်လုပ်တာက ကိုယ်အလေးချိန်တိုးစေတာအမှန်ပါပဲ။ အဲဒီအစား အိပ်ရေးဝအောင်အိပ်မယ်ဆိုရင် အားအင်လည်းပြည့့်ဝ၊ ဝိတ်လည်းကျစေပါတယ်။ လေ့လာမှုတွေအရလည်း တစ်နေ့ကို အိပ်ချိန် (၇) နာရီ ထက် လျော့နည်းမယ်ဆိုရင် အစာစားချင်စိတ်ကိုု ပိုမိုများပြားစေပြီး ပုံမှန်ထက်ပိုမိုဆာလောင်စေပါတယ်တဲ့။
၃။ အသီးအရွက်များများစားပေးပါ
အရင်တုံးက သူငယ်ချင်းတို့ရဲ့ညစာမှှာ အသီးအရွက်တစ်မျိုးပဲပါတယ်ဆိုရင် အခုကစပြီး အသီးအရွက် (၃) မျိုးလောက်ပါအောင် ထည့်သွင်းစားကြည့့်လိုက်ပါ။ တကူးတကကြီးအားထုတ်စရာမလိုဘဲ အသီးအရွက် ပိုစားဖြစ်သွားပါလိမ့်မယ်။ အသီးအနှံတွေနဲ့ဟင်းသီးဟင်းရွက်တွေကို များများစားပေးတာက ကိုယ်အလေးချိန်ကျဆင်းစေတဲ့ အကြောင်းရင်းတစ်မျိုးပါပဲ။ ဘာလို့လဲဆိုတော့ အမျှင်ဓာတ်နဲ့ ရေဓာတ် ကြွယ်ဝတဲ့အသီးအရွက်တွေဟာ သူငယ်ချင်းတို့ရဲ့ခန္ဓာကိုယ်မှာ ကယ်လီရီပမာဏလျော့နည်းစေပါတယ်။ နောက်ပြီးဖြစ်နိုင်မယ်ဆိုရင် အဆီများများသုံးပြီးကြော်ချက်စားတာမျိုးထက် အစိမ်း (သို့မဟုတ်) ကယ်လိုရီနည်းတဲ့ မရိုးနိစ်လိုမျိုးနဲ့သုပ်စားတာမျိုးလောက်ပဲလုပ်သင့်ပါတယ်။ ညစာစားချိန်မှာ Detox Water လေးသောက်ပေးတာကလည်း အထောက်အကူပြုနိုင်ပါတယ်။
သင်အကြိုက်တွေ့နိုင်မယ့်ဆောင်းပါး ---> အဆီကျလှပစေမယ့် Detox water သောက်ကြမယ်
လက်ဖက်စိမ်းရေနွေးကြမ်း (Green Tea) သောက်သုံးပေးခြင်းက သူငယ်ချင်းတို့ရဲ့ကိုယ်အလေးချိန် ကျဆင်းရေးစီမံချက်ကို အထောက်အကူပြုနိုင်ပါတယ်။ လေ့လာမှုတွေအရဆိုရင် လက်ဖက်စိမ်းမှှာပါတဲ့ catechin လို့ခေါ်တဲ့ အော်ဂဲနစ်ဓာတုပစ္စည်းတွေက ခန္ဓာကိုယ်ရဲ့ကယ်လိုရီလောင်ကျွမ်းနှုန်းကို ပိုမိုမြန်ဆန် စေပါတယ်တဲ့။ အနည်းဆုံးတော့ ကယ်လိုရီပါဝင်မှုလည်းနည်း၊ သောက်လို့လည်းကောင်းတဲ့ အဖျော်ယမကာ တစ်ခွက်ကို သောက်ဖြစ်သွားတာပေါ့။ အခုဆိုရင် Bubble Tea shop တွေမှာလည်း အသီးအရသာတွေ ဖြည့်စွက်ပေးထားတဲ့ Green Tea တွေလည်းရနေပြီဆိုတော့ သူငယ်ချင်းတို့အတွက် အဆင်ပြေသွားတာပေါ့။
၅။ သကြားပါဝင်မှုနည်းတဲ့ ပီကေကိုဝါးပါ
သားရေစာတစ်ခုခုကိုဝါးနေရမှ ကျေနပ်တယ်ဆိုရင်လည်း အာလူးကြော်တွေ၊ ကိုကာကိုလာတွေအစား သကြားပါဝင်မှုနည်းတဲ့ ပီကေကိုပဲ ရွေးချယ်ပါ။ ညစာချက်နေရင်းပဲဖြစ်ဖြစ်၊ ပါတီပွဲတစ်ခုုမှာ စကားပြောနေရင်းပဲဖြစ်ဖြစ်၊ တီဗီကြည့်နေရင်းပဲဖြစ်ဖြစ်၊ အင်တာနက်သုံးနေရင်းပဲဖြစ်ဖြစ် အနားမှာရှိတဲ့ သားရေစာတစ်ခုခုကို ကောက်ဝါးချင်စိတ်ပေါ်လာတာဟာ သဘာဝပါပဲ။ အဲဒီလိုအချိန်မှာ အချိုနည်းတဲ့ ပီကေ တစ်ခုလောက်ဖောက်ပြီး ထိုင်ဝါးလိုက်မယ်ဆိုရင် ကိုယ်အလေးချိန်တက်စေတဲ့ Junk Food တွေ မစားမိတော့ဘဲ ကိုယ်အလေးချိန်အလိုလိုထိန်းသိမ်းပြီးသား ဖြစ်သွားတာပေါ့။
လေ့ကျင့်ခန်းလုပ်တာကလည်း ကိုယ်အလေးချိန်ကိုကျဆင်းစေတယ်ဆိုပေမယ့် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မပေးနိုင်တဲ့သူတွေအတွက်တော့ အခုလို နေ့စဉ်လုပ်နေကျအရာတွေထဲက အသေးအဖွဲလေးတွေကို ဂရုစိုက်လိုက်တာက ကိုယ်အလေးချိန်ကျဆင်းရေး စီမံကိန်းအကောင်အထည်ပေါ်လာဖို့ ခြေလှမ်းတစ်လှမ်းပါပဲ။ ကိုကို မောင်မောင်တွေကို ကုန်းပိုးခိုင်းပြီး ရိုမန်းတစ်ဆန်နိုင်ကြပါစေလို့… ;)
Source: Webmd