Gay နဲ့ Bromance ကို မကွဲပြားကြတာများပါတယ်။


အိုးထရက်ဖို့ဒ်ကွင်းထဲမှာ ဖာဂူဆန်ကြီးနောက်ဆုံးနှုတ်ဆက်တဲ့အချိန်တုံးက ခင်ဗျားရဲ့သူငယ်ချင်းနဲ့အတူဖက်ပြီး ငိုဖူးလား။ Fast & Furious 7 ထဲမှာ Van Diesel နဲ့ Paul Walker ကြီး လမ်းခွဲသွားအခန်းကို အတူကြည့်ကြတုံးက မျက်ရည်တူတူကျဖူးလား။ ဒါဆိုရင်ခင်ဗျားတို့နှစ်ယောက်ကို Gay လို့သတ်မှတ်လို့မရပါဘူး။ ခင်ဗျားတို့ကြားကဆက်ဆံရေးကို bromance လို့ခေါ်ပါတယ်။

Bromance နဲ့ Gay ကို မကွဲကြတာများပါတယ်။ ခင်ဗျားမှာ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ရှိမယ်။ ခင်ဗျားရဲ့ အချိန်အများစုကို သူနဲ့အတူ ကုန်ဆုံးမယ်။ ခင်ဗျားကွိုင်တစ်ခုခုတက်လာတိုင်း သူကရှေ့ကထွက်ရှင်းပေးမယ်။ ခင်ဗျားရဲ့မင်္ဂလာဆောင်မှာ သူ့ကိုသတို့သားအရံလုပ်ခိုင်းမယ်။ ဒီလိုမျိုးရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက် ခင်ဗျားဘဝထဲမှာ ရှိနေပြီဆိုရင် ခင်ဗျားတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက bromance ပါပဲ။

Gay လို့လူအများစုခေါ်ဝေါ်သုံးစွဲကြတဲ့ အသုံးအစွဲကတော့ လိင်ပိုင်းဆိုင်ရာဆက်ဆံမှု ရောယှက်နေပါတယ်။ (ဒီလိုပြောလို့ Gay တွေကိုနှိမ်ချပြောဆိုတာလည်းမဟုတ်ပါဘူး။ လူတိုင်းလူတိုင်း မိမိတို့နှစ်သက်ရာ လိင်ပိုင်းဆိုင်ရာလက်တွဲဖော်ကို ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။) Bromance ကတော့ ဒါနဲ့ကွဲပြားပါတယ်။ ခင်ဗျားရဲ့ ဘော်ဒါကိုအရမ်းခင်ပြီး (တရုတ်သိုင်းကားတွေထဲကလို သွေးသောက်ညီအစ်ကိုလို့ သဘောထားရင်) ဒါ Bromance ပါပဲ။

Pop ယဉ်ကျေးမှုသမိုင်းမှာ လူသိအများဆုံး bromance တွေကတော့ Star Trek: Into Darkness ထဲက Kirk နဲ့ Spocks ကြားက bromance နဲ့ Supernatural ရုပ်သံစီးရီးထဲက Sam နဲ့ Dean Winchester တို့ကြားက bromance ပါပဲ။ အဲဒီမှာထူးဆန်းတာတစ်ခုက Kirk အဖြစ် သရုပ်ဆောင်တဲ့ ခရစ္စပိုင်းနဲ့ Spock အဖြစ် သရုပ်ဆောင်တဲ့ ဇာချာရီ ကွင်တို တို့ဟာ အပြင်မှာပါ bromance လို့ ခေါ်ဆိုရလောက်အောင် ရင်းနှီးတဲ့ သူငယ်ချင်းတွေပါပဲတဲ့။ ပစ်ဇာကောလိပ်က လူမှုရေးသိပ္ပံပညာရှင် ပီတာနာဒီကတော့ “Bromance” ဆိုတဲ့ စကားလုံးက ယောကျ်ားလေးသူငယ်ချင်းတွေကြားက ရင်းနှီးမှုကိုပိုမိုခိုင်မာစေပါတယ်လို့ ဆိုပါတယ်။



 

တကယ်တမ်းကျတော့ Bromance ဆက်ဆံရေးရှိထားတဲ့ ယောကျ်ားလေးတွေက သူတို့ရဲ့လိင်စိတ် တပ်မက်မှုနဲ့ပတ်သက်ရင် သာမန်လူတွေထက်တောင် ပိုသိထားပါတယ်။ သူတို့ဟာ သူတို့ လိင်တူစိတ်ဝင်စားနေသူတွေမဟုတ်ကြောင်းကိုလည်း ရှင်းရှင်းလင်းလင်း နားလည်ထားပါတယ်။ Bromance ရဲ့အခြေခံအကျဆုံး စည်းမျဉ်းကလည်း အဲတာတစ်ခုတည်းပါပဲ။ ခင်ဗျားနဲ့ခင်ဗျားသူငယ်ချင်းဟာ ဘယ်တော့မှ gay အဆင့်ကို ရောက်သွားမှာမဟုတ်ပါဘူးဆိုတာကို ခင်ဗျားတို့နှစ်ယောက်လုံးနားလည်ထားကြပါတယ်။

ခင်ဗျားမှာရော အရမ်းခင်ရတဲ့ ယောကျ်ားလေးသူငယ်ချင်းရှိလား။ ပတ်ဝန်းကျင်က ခင်ဗျားတို့အရမ်းကို တပူးတွဲတွဲဖြစ်လွန်းလို့ gay လို့ သတ်မှတ်နေပြီလား။ ဒါဆိုရင်တော့ စိတ်မပူပါနဲ့။ ခင်ဗျားတို့က bromance ဖြစ်ကြောင်းကိုသာ ရဲရဲကြီး ပြောပြလိုက်ပါ။



Source: Irishexaminer

Share

Loading Next Article...
က္က