အီတလီခေါက်ဆွဲ စပါဂတ်တီက စားလို့တော့ကောင်းပါတယ်။ ဒါပေမယ့် ဆိုင်ကြီးတွေမှာရောင်းတဲ့ဈေးက အနည်းဆုံး လေး ငါးထောင် အောက်ထစ်ဆိုတော့ စိတ်ရှိတိုင်းစားလို့မရဘူးလေ။ နောက်ပြီး ကိုယ်တွေလို အစားသမားတွေအတွက်က စပါဂတ်တီတစ်ပွဲလောက်နဲ့ မတင်းတိမ်သလိုခံစားရတာလည်းအမှန်ပါပဲ။ စိတ်ရှိတိုင်း ဝအောင်ကြိတ်လိုက်မိလို့ ပိုက်ဆံအိတ်ထဲက ဆင် (၂) ကောင်လောက်တော့ လျှောခနဲ အသာလေး ထွက်သွားတာလည်းအကြိမ်ကြိမ်ပါပဲ။ ဒီလိုအဖြစ်အပျက်တွေကို ရှောင်ရှားနိုင်ဖို့ စပါဂတ်တီကို အိမ်မှာပဲချက်စားကြမယ်လေ။
အဲဒီမှာ "လွယ်သလား ခက်သလား ရာမရေ" လို့တော့မေးလာစရာရှိပါတယ်။ အံ့သြဖို့ကောင်းတဲ့တစ်ခုက ကျွန်တော်တို့ကြိုက်တဲ့ Bolognese Spaghetti လို့ခေါ်တဲ့ ခရမ်းချဉ်သီးအနှစ်ဆမ်းထားတဲ့ စပါဂတ်တီ ခေါက်ဆွဲချက်နည်းက အလွန်ရိုးစင်းလွယ်ကူတာပါပဲ။ အောက်ကလုပ်နည်းလေးတွေကိုကြည့်ပြီး လုပ်လိုက်ကြည့်လိုက်ရအောင်။
ပါဝင်ပစ္စည်း
ပါဝင်ပစ္စည်းတွေကတော့ Market Place မှာအလွယ်တကူဝယ်လို့ရတဲ့ စပါဂတ်တီခေါက်ဆွဲခြောက်တစ်ထုပ်ရယ်၊ အမဲသား ၅၀၀ ဂရမ်ရယ်၊ (ဒီနေရာမှာ အမဲသားမစားရင် ကြက် (သို့မဟုတ်) ဝက် မိမိတို့နှစ်သက်ရာအသားကို အစားထိုးသုံးစွဲနိုင်ပါတယ်။) ခရမ်းချဉ်သီး ဆော့စ် အချဉ်ရယ်၊ ဆားနဲ့ငရုပ်ကောင်းမှုန့်ရယ် ဖြစ်ပါတယ်။
စချက်ကြမယ်
စပါဂတ်တီခေါက်ဆွဲတစ်ပွဲဖြစ်လာဖို့ ပထမဆုံးလုပ်ရမယ့် အချက်ကတော့ ရေနွေးပွက်ပွက်ဆူတစ်အိုးထဲမှာ ဆားနည်းနည်းနဲ့အတူ စပါဂတ်တီခေါက်ဆွဲခြောက်တွေကိုထည့်ပြုတ်လိုက်တာပါပဲ။ (၂) မိနစ် တစ်ခါလောက်မွှေပေးပြီး (၁၀) မိနစ်လောက်ကြာ ပြုတ်ပေးရင်တော့ ခေါက်ဆွဲသား အနေတော်လောက်ဖြစ်ပါပြီ။
ပြီးရင် အမဲသား (သို့မဟုတ် မိမိတို့နှစ်သက်ရာ အသားတစ်မျိုးမျိုး) ကိုနုတ်နုတ်စင်းပြီး ဒယ်အိုးပြားတစ်လုံးထဲမှာ အပူပျော့ပျော့ပေးလိုက်ပါ။ အရောင်ပြောင်းလာတဲ့အထိ မီးအပူပေးပြီး နောက်ထပ် ငါးမိနစ်လောက်ထပ်ထားလိုက်ပါဦး။ ပြီးရင် ခရမ်းချဉ်သီးဆော့စ်၊ ဆားနဲ့ ငရုပ်ကောင်းမှုန့်တို့ကို စောစောကချက်ထားတဲ့ အမဲသားထဲလောင်းထည့်ပြီး (၃) မိနစ်လောက်ချက်ပြုတ်ပေးလိုက်ပါ။ ရလာတဲ့ အသားဟင်းအနှစ်ကိုတော့ bolognese လို့ခေါ်ပါတယ်။
ပြီးရင်တော့ စပါဂတ်တီခေါက်ဆွဲဖတ်တွေကို ဇလုံထဲထည့်ပြီး အပေါ်ကနေ bolognese လောင်းထည့်လိုက်ရင် အရသာရှိတဲ့ စပါဂတ်တီတစ်ပွဲကို ရရှိပါပြီ။ ကြိုက်တတ်ရင် ဒိန်ခဲနည်းနည်းထပ်ထည့်ပြီး သုံးဆောင်နိုင်ပါသေးတယ်။ ဒီစပါဂတ်တီခေါက်ဆွဲဟာ ကြက်သွန်ဖြူပေါင်မုန့်တို့၊ အရွက်သုတ်တို့နဲ့တွဲဖက်စားသုံးမယ်ဆိုရင် အလိုက်ဖက်ဆုံးပါပဲ။
Source: Instructables