ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ အမျိုးသမီးတစ်ယောက်ရဲ့အစားအသောက်အနေအထိုင်က ကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုနဲ့ ကျန်းမာရေးမှာ တိုက်ရိုက်အကျိုးသက်ရောက်နိုင်တာကို ကျွန်တော်တို့ သိထားပြီးသားပါ။ ဒါပေမယ့် ကိုယ်ဝန်မဆောင်ခင် ဖခင်ဖြစ်သူရဲ့ကျန်းမာရေးကကော ကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှုမှာ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုကနေ ပါဝင်နေတယ်ဆိုတာကို သိကြရဲ့လား။
ပေါ်တူဂီနိုင်ငံမှာပြုလုပ်တဲ့ အဝလွန်ရောဂါဆိုင်ရာ ဥရောပကွန်ဂရက်မှာပြသခဲ့တဲ့ လေ့လာတွေ့ရှိချက်အသစ်တစ်ခုမှာ ဖော်ပြခဲ့တာကတော့ ဖခင်ဖြစ်သူရဲ့ ဗိုက်တာမင် ဒီ နေ့စဉ်စားသုံးမှုပမာဏဟာ ကလေးရဲ့အရပ်နဲ့ ကိုယ်အလေးချိန်ကို အကျိုးသက်ရောက်မှုရှိနေပါသတဲ့။
ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ရဲ့ ဗိုက်တာမင် ဒီနေ့စဉ်စားသုံးမှုဟာ ကလေးရဲ့အရိုးနဲ့ ခန္ဓာကိုယ်ကျန်းမာရေးကို တိုက်ရိုက်အကျိုးသက်ရောက်နိုင်ပါတယ်။ ဒီလိုပဲ... ဖခင်တစ်ယောက်ရဲ့ ဗိုက်တာမင် ဒီ စားသုံးမှုကကော ကလေးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိသလဲဆိုတာကို သိပ္ပံပညာရှင်တွေလေ့လာခဲ့ကြပါတယ်။
အိုင်ယာလန်တက္ကသိုလ်၊ ပြည်သူ့ကျန်းမာရေးဌာနက သုတေသီတွေကတော့ သဒ္ဓေမတည်ခင် ဖခင်ဖြစ်သူရဲ့ဗိုက်တာမင် ဒီပမာဏနဲ့ ကလေးမွေးဖွားပြီးလို့ အသက် (၅) နှစ်အရွယ်မှာရှိလာတဲ့ အရပ်နဲ့ ကိုယ်အလေးချိန် ဆက်နွယ်မှုရှိနေကြောင်း တွေ့ရှိခဲ့ပါသတဲ့။ သူတို့ဟာ ဒီသုတေသနကို သားအဖ (၂၁၃) တွဲ နဲ့ပြုလုပ်ခဲ့ပါတယ်။ ဖခင်ဖြစ်သူ ဗိုက်တာမင်ဒီ ကြွယ်ဝလေလေ၊ ကလေးရဲ့ဖွံ့ဖြိုးကြီးထွားမှု ပိုမို ကောင်းမွန်လေလေပါပဲတဲ့။
Source: Food.ndtv