ခရီးသွားရတာ ဝါသနာပါတယ်ဆို သူတို့ကို follow လုပ်ထား

မသိသေးတဲ့ အကြောင်းအရာတွေ မထိတွေ့ဖူးတဲ့ နယ်မြေသစ်တွေကို သိရှိဖို့နဲ့ စိတ်အပန်းဖြေဖို့ ခရီးတွေသွားသင့်ပါတယ်။ ခရီးထွက်ခြင်းဟာ လူကို အတော်လေး ကောင်းကျိုးပေးတယ်မဟုတ်လား။ ခရီးသွားဖို့အတွက် သိသင့်သိထိုက်တာတွေကို ရောက်ဖူးသူတွေကတစ်ဆင့် ပြန်ပြီးသိချင်တယ်ဆိုရင်ဖြင့် အခုပြောပြမယ့် ဘလော့ဂါတွေကို follow လုပ်ထားနိုင်ပါတယ်။



၁။ ဘရိုင်ရန်ကယ်လီ (အမေရိကန်)

သူကတော့ ခရီးသွားဘလော့ဂါတွေထဲမှာ အကျော်ကြားဆုံးနဲ့ အထင်ပေါ်ဆုံးဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက သူဟာ အလုပ်ကိစ္စနဲ့ အတော်လေး ခရီးသွားခဲ့ရပါတယ်။ သူသွားခဲ့တဲ့ ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမျိုးခရီးဆန့်ကြမလဲဆိုတာကို စတင်ရေးသားရာကနေ လူသိများလာခဲ့သူပါ။ ကိုယ်ပိုင် ဒစ်ဂျစ်တယ်ပလက်ဖောင်းတစ်ခု တည်ထောင်ထားပြီး သူ့ခြေရာနင်းမယ့်လူတွေကို ကူညီပေးနေပါတယ်။ ဟိုတယ်အကြောင်းတွေနဲ့ ခရီးရှည်ပျံသန်းရမယ့် လေကြောင်းခရီးစဉ်တွေ၊ လေယာဉ်တွေအကြောင်းကို အဓိကရေးသားဖော်ပြနေသူပါ။

 

၂။ ကိုင်ရာစတန် ရစ်ချ် ( အမေရိကန်)

ဘယ်မှမသွားဘဲ ရုံးမှာတစ်နေကုန် အလုပ်လုပ်နေရတဲ့ဘဝကို ကျောခိုင်းကာ ခရီးတွေထွက်ပစ်လိုက်သူလေးပေါ့။ ကိုယ်ပိုင်ဝက်ဘ်ဆိုက်လုပ်ထားပြီး သူမရဲ့ခရီးတွေအကြောင်းကို တင်ပေးလေ့ရှိပါတယ်။ ရစ်ချ်ဟာ ခုဆို နိုင်ငံပေါင်း ၆၀ ကျော် သွားရောက်လည်ပတ်ခဲ့ပြီးပါပြီ။ သူမရဲ့ခရီးစဉ်တွေကို ကမ္ဘာကျော် Forbes မဂ္ဂဇင်းက အထူးတလည်ဖော်ပြလေ့ရှိပါတယ်။ တစ်ကိုယ်တော် ခရီးထွက်မယ့် အမျိုးသမီးတွေ၊ စရိတ်ချွေတာခရီးစဉ်တွေအတွက် အသုံးတည့်မယ့် အချက်လေးတွေကို ပြောပြပေးနေပါတယ်။ သူမက အင်စတာဂရမ်မှာလည်း ခရီးတွေအကြောင်းကို တင်ပါတယ်။

၃။ မာရတ် ၊ နတ်တာလီ အိုစ်မန် (ရုရှား)

ယောက်ျားတစ်ယောက်ရဲ့လက်ကို ဆွဲပြီး ရှေ့ကနေ ဦးဆောင်လမ်းလျှောက်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ပုံတွေကို မြင်ဖူးကြမယ်ထင်တယ်။ အရမ်းလည်း နာမည်ကြီးသွားစုံတွဲပေါ့။ မာရတ်နဲ့ နတ်တာလီတို့စုံတွဲဟာ ၂၀၁၁ ခုနှစ်ကစပြီး နောက်ခံရှုခင်းလှလှတွေနဲ့အတူ လက်ဆွဲထားတဲ့ပို့စ်တွေကို ဓာတ်ပုံရိုက်ကူးဖြစ်ခဲ့ကြပါတယ်။ အွန်လိုင်းပေါ်မှာ ပေါက်သွားတဲ့ ပထမဆုံးပုံကတော့ ဘာစီလိုနာမြို့မှာ ရိုက်ခဲ့တယ်လို့ဆိုတယ်။ သူတို့စုံတွဲဟာ အင်စတာဂရမ်မှာ #FollowMeTo ဆိုတဲ့ hash tag နဲ့အတူ ခရီးစဉ်အကြောင်းတွေ မိတ်ဆက်လေ့ရှိကြပါတယ်။

 

၄။ အဲရစ် စတိုအန် (အမေရိကန်)

အဲရစ်တို့ကတော့ မိသားစုလိုက်ကို ခရီးသွားကြသူတွေ။ Travel Babbo အမည်နဲ့ ဘလော့မှာ ခရီးစဉ်တွေအကြောင်းကို အမြဲတမ်းတင်ပါတယ်။ ကလေးတွေနဲ့အတူ ခရီးထွက်ကြဖို့ကိုလည်း တိုက်တွန်းနေသူပါ။

၅။ ဒေမွန် နဲ့ ဂျို (အမေရိကန်၊ ဘရာဇီး)

ဒေမွန် ဒိုမစ်နစ်နဲ့ ဂျိုဖရန်ကိုတို့ဟာ ကောလိပ်မှာ ဆုံတွေ့ရင်း ချစ်ကြိုက်ခဲ့ကြတဲ့စုံတွဲပါ။ နှစ်ယောက်လုံးက ခရီးသွားရတာ နှစ်သက်သူတွေဆိုတော့ သူတို့နှစ်ဦးချစ်သူဖြစ်သွားတဲ့အခါ နယ်မြေသစ်၊ ဘာသာစကားအသစ်တွေကို လေ့လာစူးစမ်းကြတော့တာပါပဲ။ ခုဆို သူတို့စုံတွဲက ခရီးသွားရတာနှစ်သက်တဲ့ ဆယ်ကျော်သက်တွေ၊ အသက် ၂၀ ဝန်းကျင် လူငယ်တွေအတွက် အသုံးတည့်မယ့် အချက်အလက်တွေ၊ အတွေ့အကြုံတွေကို YouTube နဲ့ ဝက်ဘ်ဆိုက်ပေါ်မှာ ပြန်လည်မျှဝေပေးနေပါတယ်။ YouTube မှာ Shut Up and Go လို့ ရိုက်ပြီး ရှာရင် တွေ့ပါလိမ့်မယ်။

Source : CNN


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က