ဆွဲဆောင်မှုရှိတဲ့လူတစ်ယောက်ဆိုတာ ရုပ်ရည်ချောမောခြင်းနဲ့လည်း မသက်ဆိုင်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိခြင်းကသာ ဆွဲဆောင်မှုအရှိဆုံးဖြစ်ပါတယ်။ စိတ်ပျက်အားငယ်နေတဲ့ အရှုံးသမားဆိုတာ ဘယ်လိုမှလည်း ကြည့်မကောင်းဘူး။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိနေမှ အရာရာအဆင်ပြေလာမှာပါ။
၁။ လေးစားမှု
အားလုံးကို လေးစားပါ။ ကိုယ့်ထက်သာသူဖြစ်စေ၊ ကိုယ့်ထက်နိမ့်ပါးသူဖြစ်စေ တန်ဖိုးကိုယ်စီရှိကြတယ်။ အဲ့ဒီတော့မှ အပြန်အလှန်လေးစားမှုဆိုတာ ဖြစ်ပေါ်လာတာ။
၂။ အရေးမပါတဲ့စကားတွေရှောင်
ဘယ်လို အရေးမပါတဲ့စကားတွေလဲဆိုရင် အတင်းအဖျင်းတွေလိုမျိုးပေါ့။ နည်းနည်းလေးမှ ပျော်စရာမကောင်းဘူး၊ အကျိုးလည်းမရှိဘူးဆို ဘာလို့ပြောနေတော့မလဲ။ ပြီးတော့ စကားကိုလည်း လိုရင်းကိုမြန်မြန်ရောက်ရင် ပြောသင့်တယ်။
၃။ အလွန်အကျွံကြိုးစားဖို့မလိုဘူး
ဟယ်... ဘယ်လိုကြီးလား၊ အလွန်အကျွံ မကြိုးစားနဲ့ဆိုတာ။ ရင့်ကျက်ဖို့၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ဆိုတာ အတင်းအကျပ် လုပ်ယူလို့မရပါဘူး။ အဲ့လိုလုပ်လိုက်ရင် လူက ခက်ထန်သွားတတ်တယ်။ ဖြည်းဖြည်းချင်းပေါ့၊ ကိုယ့်စိတ်ကို ကိုယ်ပြင်ယူရမှာပါ။
၄။ လက်တွေ့ကျပါ
လူတွေကိုယ့်ကို ဘယ်လိုများထင်နေကြမလဲဆိုတဲ့ ကိုယ့်ရဲ့အတွေးတွေကို ဖျောက်ပစ်လိုက်။ အဲ့ဒီအစား သူတို့နဲ့ တွေ့ဆုံစကားပြောပါ။ ပွင့်ပွင့်လင်းလင်းမေးကြည့်ပါ။
၅။ သပ်သပ်ရပ်ရပ်
အလှတွေပြင်၊ အကောင်းစားတွေဝတ်ဖို့ မပြောဘူးနော်။ သပ်ရပ်တဲ့အသွင်အပြင်လေးရှိဖို့ပဲ လိုတာပါ။ စမတ်ကျကျ ဝတ်စားဆင်ယင်ထားတဲ့အခါ ကိုယ့်စိတ်ကလည်း ယုံကြည်မှုအပြည့်အဝရှိနေပါလိမ့်မယ်။ အပြုံးလေးနဲ့ ဖြည့်စွက်လိုက်မယ်ဆိုရင်တော့ ပြီးပြည့်စုံသွားပါပြီ။