ပျိုမေလေးတို့ရေ ဆောင်းဝင်လာပြီ အသားအရေလေးကို ဂရုပိုစိုက်ပါနော်။ လှချင်လွန်းလို့ မျက်နှာလေးကို ဂရုစိုက်နေရင်းက အလှပျက်ရတာမျိုးတွေ မဖြစ်ရအောင် မဒီက နည်းနည်းတော့ သတိပေးစရာရှိတယ်။ မျက်နှာပေါ်ကို မတင်သင်တဲ့ ပစ္စည်းတွေအကြောင်းပါ။
၁။ ကြေးတွန်းဖတ်
" ကျွန်တော်ကတော့ ကြေးတွန်းဖတ်တွေသုံးတာကို အားမပေးချင်ဘူး။ ဘာလို့လဲဆိုတော့ ဘက်တီးရီးယားတွေ ပေါက်ပွားကုန်တာ။ ခန္ဓာကိုယ်က မသန့်ရှင်းတဲ့နေရာတွေကို ကြေးတွန်းဖတ်နဲ့ပွတ်ပြီးရင် ဘက်တီးရီးယားတွေက ရေမြှုပ်မှာကပ်နေတော့မှာ" လို့ အရေပြားနဲ့အလှအပရေးရာဆရာဝန် Joel Schlessinger က ပြောပါတယ်။
၂။ Exfoliating brush
မျက်နှာပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့ exfoliate လုပ်တာ ကောင်းပါတယ်။ ဒါပေမဲ့ ဘရပ်ရှ်နုလေးတွေနဲ့တော့ မလုပ်စေချင်ဘူး။ ပိုးတွေကပ်နေမှာစိုးလို့ပါ။
၃။ ရေမွှေး
ဓာတုပစ္စည်းတွေ အများကြီးနဲ့ ဖော်စပ်ထားတဲ့ ရေမွှေးတွေကို မျက်နှာပေါ် လုံးဝ (လုံးဝ) မတင်ရဘူး။ အသားအရေကို ခြောက်သွေ့စေပြီး ဓာတ်မတည့်မှု ဖြစ်သွားစေနိုင်ပါတယ်။ နီရဲ ရောင်ရမ်းမှု၊ ယားယံမှုတွေလည်း ဖြစ်လာနိုင်တယ်။
၄။ Silicon base Primer
Primer သုံးတာက မိတ်ကပ်ပိုစွဲဖို့နဲ့ ချွေးပေါက်ကျယ်တာတွေကို ထိန်းထားဖို့ သုံးကြတယ်။ ဒါပေမဲ့ ကိုယ့်မျက်နှာ အသားအရေက ဝက်ခြံထွက်လွယ်တယ်ဆိုရင် silicon ပါဝင်တဲ့ Primer ကို မသုံးရပါဘူး။ ပိုဆိုးသွားနိုင်ပါတယ်။
Source : RD