တစ်ခုခုကိုမှ မစမ်းကြည့်ခဲ့ဖူးဘူးလား

ဖက်ရှင်တွေ မိတ်ကပ်အပြင်အဆင်တွေဟာ တစ်နှစ်ပြီးတစ်နှစ်တော့ ပြောင်းလဲနေတာပါပဲ။ အဟောင်းတွေ ပြန်သံသရာလည်လိုက်၊ အသစ်တွေ ပေါ်လာလိုက်နဲ့။ ဒီနှစ်ထဲမှာ ရေပန်းစားသွားတဲ့ မျက်ခုံးမွေးဒီဇိုင်းတွေကို ပြန်ကြည့်လိုက်မယ်ဆို ရယ်စရာကောင်းတာက ခပ်များများပဲ။



၁။ လျှပ်စီးကြောင်းစတိုင်လ်

pri_54406704.jpg 

မျက်ခုံးမွေးက အစွန်းဘက်ကို ခပ်စောင်းစောင်း ထောင်သွားပြီး အဆုံးသတ်မှာ အောက်ကို တစ်ထစ် နိမ့်ကျသွားတဲ့ စတိုင်လ်မျိုးပါ။ ဒါကို အိုင်းလိုင်နာနဲ့လည်း တွဲပြီးတော့ ခြယ်ကြတယ်။

၂။ အတုံးလေးတွေ

boxed-brow-social.jpg 

လမ်းလယ်ကြောမှာ ချထားတဲ့ အဝါရောင် ကွန်ကရိတုံးကြီးတွေကို မြင်ယောင်ကြည့်ရအောင်။ အဲ့ဒီလိုဒီဇိုင်းနဲ့ မျက်ခုံးမွေးတွေ အင်စတာဂရမ်မှာ ခေတ်စားသွားခဲ့ပါသေးတယ်။ မျက်ခုံးမွေးကို ဒေါင်လိုက် အတုံးလေးတွေဖြစ်ဖို့ အလယ်ပိုင်းတွေမှာ ရိတ်ပစ်ကြတာ အင်စတာဂရမ်မှာ ခေတ်စားသွားခဲ့ပါသေးတယ်။ ဒါပေမဲ့ ရိတ်ရတာဆိုတော့ သိပ်ပြီး လိုက်မလုပ်ဖြစ်ကြဘူး။

၃။ ရေလှိုင်းပုံစံ မျက်ခုံး

eyebrows.jpg 

ဒီမျက်ခုံးမွေး ဒီဇိုင်းကတော့ အရယ်ရဆုံးဒီဇိုင်းပဲ။ မျက်ခုံးကို ရေလှိုင်းပုံ အတွန့်လေးတွေဖြစ်အောင် ဖြည့်ဆွဲထားတာ။ အဲ့ဒီလိုပုံစံနဲ့ အပြင်ထွက်ဖို့ဆိုတာလည်း တော်ရုံမိန်းကလေး မလုပ်ရဲဘူးလေ။ အင်စတာဂရမ်မှာသာ ပုံတွေတင်ကြတာ။

၄။ ငှက်မွေးမျက်ခုံး

feather-brows-river.jpg 

ငှက်တောင်မွေးလိုမျိုး ဘေးနှစ်ဘက်ကို ပြန့်ကားနေတဲ့ မျက်ခုံးမျိုးလေ။ အလယ်မှာ မျက်ခုံးမွေးကို ခွဲကြောင်းတစ်ခုလို လုပ်ထားပြီး ဘေးနှစ်ဘက်ကို သိမ်းထားတာ။ မျက်ခုံးမွေးတိုရင် လုပ်လို့မရဘူး။ ဒီမျက်ခုံးကိုတော့ နာမည်ကြီး beauty blogger တစ်ဦးဖြစ်တဲ့ Stella က စတင်ခဲ့တယ်။ တချို့တွေကတော့ ဒီပုံကြီးက ကြောက်စရာကောင်းတယ်ဆိုပဲ။

၅။ သက်တံမျက်ခုံး

2015%2F11%2F17%2Fb4%2Frainbowbrow.898a9.jpg 

သက်တံ့မျက်ခုံးတွေလည်း လုပ်ကြသေးတယ်။ အိုင်းရှဲဒိုးနဲ့ လုပ်ရတာဆိုတော့ ကြာကြာမခံဘူး။ ကိုယ့်ဘာသာလုပ်ပြီး ပုံရိုက်ပြီး တင်ကြတာပဲ။ LGBT ကို ထောက်ခံတဲ့ အနေနဲ့ သက်တံမျက်ခုံးတွေ လုပ်ခဲ့ကြတာပါ။

၆။ ကျစ်ဆံမြီးမျက်ခုံး

maxresdefault.jpg 

Tutorial ကြည့်လိုက်တာတော့ ဒီမျက်ခုံးရဖို့ ၂ နာရီလောက် လုပ်ရတာ တွေ့တာပဲ။ စိတ်ရှည်လက်ရှည်နဲ့ ပန်းချီဆွဲသလိုကို ခြယ်နေရတာ။ ဒါပေမဲ့ မိုက်တယ်။ တကယ်လန်းတယ်လို့ ခံစားမိတယ်။ သဘာဝနဲ့လည်း နီးစပ်တယ်လေ။

၇။ Nike

trend-1.jpg 

ခုနောက်ဆုံး ခေတ်စားလာတာကတော့ Nike အမှတ်တံဆိပ် မျက်ခုံးကြီးတွေပါပဲ။ ကာတွန်းဇာတ်ကောင်တွေလိုလို တူမနေဘူးလား။ မျက်ခုံးပေါ်မှာ အမှန်ခြစ် အမှတ်အသားကြီးက ခွီချင်စရာကောင်းတယ်နော်။

Source : Cosmo


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က