မိန်းကလေးအများစုကတော့ နေ့စဉ် မျက်တောင်တုတပ်နေရတဲ့အလုပ်ကို မလုပ်ချင်ကြပါဘူး။ မျက်တောင်လေး ကော့ညွှတ်နေမှ ပိုပြီးလှမယ်ဆိုတာတော့ သိတာပေါ့။ ဒါပေမဲ့ မျက်တောင်တုတပ်ရတာ အလုပ်ရှုပ်တာကိုး။ အချိန်မပေးနိုင်တဲ့အခါ မျက်တောင်ဆက်လိုက်ကြတာပေါ့။ ပြီးတော့ မျက်တောင်ဆက်တာကလည်း တစ်ကြိမ်လုပ်ပြီးရင် ထပ်ထပ်ပြီးတော့ကို လုပ်ချင်နေတာမျိုးလို့ ဆက်ဖူးသူတွေက ပြောတယ်။ တစ်ခါမှ မျက်တောင်မဆက်ဖူးလို့ ဆက်မယ်လို့ စဉ်းစားထားတယ်ဆိုရင် ဒါလေးတွေကို အရင်ဖတ်ကြည့်ပါဦး။
၁။ ဘယ်လိုမျိုးလဲ
မျက်တောင်ဆက်တာက အမျိုးအစား ၃ ခု နဲ့ လာတယ်။ အရှည်ကတော့ ၆ မီလီမီတာကနေ ၁၇ မီလီမီတာထိ ရှိကြပါတယ်။ မျက်လုံးကို မထိခိုက်စေမယ့် ကော်မျိုးကို အသုံးပြုပြီး တပ်ရပါတယ်။ တကယ်လို့ ယားယံတာတွေဖြစ်လာရင် ချက်ခြင်းပြန်ဖြုတ်သင့်တယ်။
၂။ ဘယ်လောက်ကြာ
အချိန် ၂ နာရီလောက်ကြာအောင် ဆက်ရခဲ့တဲ့ မျက်တောင်က တစ်လလောက်ဆို ကျွတ်ကုန်တော့တာပါပဲ။ ရေထိတာများလေလေ ကျွတ်တာ မြန်လေလေပဲ။ ငိုမိရင်လည်း ဆက်ထားတဲ့မျက်တောင်တွေ ကျွတ်ကုန်ပြန်ရော။ နှမျောစရာကြီး။ ကြာကြာခံချင်ရင်တော့ ၃ ပတ် တစ်ကြိမ်လောက် ဆိုင်ကိုပြန်သွားပြီး လုပ်သင့်ပါတယ်။ ကိုယ့်ရဲ့ပင်ကိုယ်မျက်တောင်က အရှည်မြန်ရင်လည်း ဆက်ထားတဲ့မျက်တောင်က ကျွတ်ကုန်ပါတယ်။
၃။ ရေမထိရဘူးလား
မျက်တောင်ဆက်ပြီးလို့ ၂၄ နာရီအတွင်း ရေလုံးဝ မထိပါစေနဲ့။ ဆီကိုအခြေခံထုတ်ထားတဲ့ အလှကုန်ပစ္စည်းတွေ၊ မိတ်ကပ်ဖျက်ဆေးတွေကိုလည်း မထိပါစေနဲ့။
၄။ မျက်တောင်အစစ်တွေ ပျက်စီးမှာလား
မပျက်စီးပါဘူး။ မျက်လုံးကို မပွတ်ဖို့နဲ့ ဆက်ထားတာတွေကို ကိုယ့်သဘောနဲ့ကိုယ် ဆွဲချွတ်ပစ်တာမျိုးသာ မလုပ်မိပါစေနဲ့။
Source : Huff Post