၁။ အတင်းပြောရတာ ပျင်းဖို့ကောင်းတယ်လို့ မြင်လာတယ်။ ဘာမှလည်း အသုံးမဝင်ဘဲနဲ့ အလကားသက်သက် အချိန်ဖြုန်းတဲ့အရာကြီးလို့ မြင်လာပြီး သူများမကောင်းကြောင်းတွေ နောက်ကွယ်မှာ မပြောတော့ဘူး။
၂။ အမေက ဖုန်းခဏခဏဆက်လို့လည်း စိတ်မတိုတော့ဘူး။ ကိုယ့်ကို ချစ်လို့ စိတ်ပူလို့ ဆက်တယ်ဆိုတာ သိသွားတော့ မအားတာတောင် စကားစမြန်မြန်ဖြတ်ပြီး ဖုန်းပြောပေးလိုက်တယ်။
၃။ စကားအများကြီး မပြောတော့ဘူး။ ပိုပြီးနားထောင်ပေးတတ်လာတယ်။ လူတွေကို ပျော်စေချင်တယ်။
၄။ တစ်ခါတစ်လေ အရူးထပြီး လျှောက်လုပ်တာ၊ ငိုပစ်လိုက်တာဟာ ကိစ္စမရှိဘူးလို့ မြင်လာတယ်။ အမြဲတမ်း မငိုတော့ဘူး။ ဒါပေမဲ့ ငိုဖို့လိုလာပြီဆို အားရအောင် ငိုချပစ်တယ်။ Night out တွေ ဘာတွေ သွားပစ်လိုက်တယ်။
၅။ ပြဿနာဖြစ်လာရင် ဆင်ခြေဆင်လက်တွေ မပေးတတ်တော့ဘူး။ ပေးလည်း မပေးချင်တော့တာ။ ပြဿနာကို ဘယ်လိုရှင်းရမလဲဆိုတာပဲ ခေါင်းထဲရှိတော့တယ်။
၆။ အချိန်က အဖိုးတန်တယ်။ ကိုယ့်အလုပ်နဲ့ကိုယ် မအားတာဆိုတော့ အာရုံနောက်ရမယ့်လူတွေနဲ့ မပတ်သက်ချင်တော့ဘူး။ ကိုယ့်အချိန်ကိုဖြုန်းတီးမယ့်လူတွေကိုလည်း ရှောင်လိုက်တယ်။
၇။ ကိုယ့်ကိုယ်ကိုယ် ပိုပိုပြီး ချစ်လာတယ်။ သူများကြောင့် ကိုယ်ခံစားရတာမျိုး အဖြစ်မခံတော့ဘူး။
၈။ ကိုယ်အဆင်မပြေတဲ့အချိန်၊ လိုအပ်တဲ့အချိန် ကိုယ့်ကိုအချိန်ပေးတဲ့ သူငယ်ချင်းတွေကိုလည်း ပိုပြီး အလေးထားတတ်လာပါတယ်။