In partnership with  logo
ခရစ္စမတ်မနက်ခင်းရောက်လို့ သူ့ရဲ့လက်ဆောင်ထုပ်လေးကို ဖွင့်ကြည့်တဲ့အခါ အဲ့ဒီမိသားစုက ပျော်ရွှင်နေကြတော့မှာပါ။

အယ်လ်ဘားမားမှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ ဟာရီကိန်းမုန်တိုင်း ဟာဗေးကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ မိသားစု ၂၀၀ နီးပါးကို ခရစ္စမတ်ပွဲလေး ဖန်တီးပေးခဲ့ပါတယ်။ ဒီလိုမျိုး ပြုလုပ်နိုင်ဖို့အတွက် ဖေ့စ်ဘုတ်ကနေ ဂရုတစ်ခုထောင်ပြီးတော့ လူတွေကိုဖိတ်ခေါ်ကာ Huston ဒေသ ဟာဗေးမုန်တိုင်းသင့် မိသားစုဝင်တွေကို လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

 

အသက် ၃၃ နှစ်အရွယ် ကော့တနေ အဒမ်ဟာ  သြဂုတ်လတုန်းက ဟာရီကိန်းမုန်တိုင်း Harvey တိုက်ခတ်သွားတာကို ရုပ်သံသတင်းတွေကနေ မြင်ခဲ့ရတယ်။ ကလေး ၃ ယောက်မိခင် အဒမ်က အဲ့ဒီဖြစ်ရပ်ကိုမြင်ပြီး စိတ်မကောင်းဖြစ်သွားတဲ့နောက် သူ့အနေနဲ့ ဘယ်လိုကူညီနိုင်မလဲဆိုတာ စဉ်းစားခဲ့တယ်။ နောက်တော့ Holidays for Harvey ဆိုတဲ့ ဖေ့စ်ဘုတ်ဂရုတစ်ခုထောင်လိုက်ပြီး Huston ဒေသက အကူညီလိုအပ်နေတဲ့ မိသားစုတွေကို ကူညီပေးဖို့ လူတွေကို ဖိတ်ခေါ်ခဲ့တယ်။

 

" ကျွန်မ ထိုင်ချလိုက်တယ်၊ ပြီးတော့ ဖေ့စ်ဘုတ်ဂရုတစ်ခုထောင်လိုက်ပြီး စ share တော့တာပဲ။ လူတွေက လာ join ကြတယ်၊ ပြီးတော့ အကူအညီပေးဖို့မေးတယ်၊ အကူအညီတွေ ပေးလာကြတယ်" လို့ အဒမ်က ပြောပါတယ်။ အဒမ်နဲ့အတူ စေတနာ့လုပ်အားရှင်အဖြစ် ပထမဆုံးပူးပေါင်းလာတာက သူမရဲ့သူငယ်ချင်း Lori Martin ဖြစ်ပါတယ်။ ပန်ဆယ်လ်ဗေးနီးယားက ကလေး ၃ ဦး မိခင်ပါ။

မာတင်နဲ့ သူမရဲ့ခင်ပွန်းဟာ အသက် ၁၇ နှစ်အရွယ် သမီးတစ်ဦးရှိတဲ့ မိသားစုတစ်စုကို ခရစ္စမတ်ပွဲလေး ဖန်တီးပေးခဲ့ကြတယ်။ မုန်တိုင်းသင့်မိသားစုဟာ တခြားဘာမှမလိုချင်ပေမဲ့ သမီးဖြစ်သူအတွက် ပျော်စရာခရစ္စမတ်လေး ဖြစ်စေချင်ကြတယ်လေ။ အဲ့တာကြောင့်မို့လို့ မာတင်က သူတို့မိသားစု ၃ ဦးအတွက် ခရစ္စမတ်လက်ဆောင်လေးကို ပါကင်လှလှလေးထုတ်ပြီး ပေးခဲ့တယ်။ ခရစ္စမတ်မနက်ခင်းရောက်လို့ သူ့ရဲ့လက်ဆောင်ထုပ်လေးကို ဖွင့်ကြည့်တဲ့အခါ အဲ့ဒီမိသားစုက ပျော်ရွှင်နေကြတော့မှာပါ။

 

အဒမ်နဲ့အတူ နောက်ထပ်ပါဝင်လာတာက သူမရဲ့သူငယ်ချင်း Nicholson ဖြစ်ပါတယ်။ အမျိုးသမီး ၃ ဦးဟာ Huston က မုန်တိုင်းသင့် မိသားစု ၁၈၈ ခုအတွက် လက်ဆောင်တွေကို စီစဉ်ပေးခဲ့ကြပါတယ်။ ကလေး ၆၂၀ နဲ့ မိသားစုဝင် ၁၀၄၅ ဦးအတွက် လက်ဆောင်တွေကို စီစဉ်ပေးခဲ့ကြပါတယ်။

Source : Wbal

Share

Loading Next Article...
က္က