In partnership with  logo
ဆိုးချင်ရင်တောင် ဘုရင်မကြီးခွင့်ပြုတဲ့အရောင် တစ်မျိုးတည်းပဲ ဆိုးရတယ်။

Cambridge မြို့စားကတော် ကိတ်မစ်ဒယ်လ်တန်ကို ကြည့်လိုက်တိုင်း လက်သည်းနီဆိုးထားတာ တစ်ခါမှကို မမြင်ရဘူး။ ပြည်သူတွေရှေ့မှောက် တက်ရတဲ့ အခမ်းအနားတွေမှာ ကိတ်ရဲ့လက်သည်းတွေဟာ အမြဲတမ်း သဘာဝအတိုင်းပဲ ရှိနေခဲ့ပါတယ်။

 

ဘာကြောင့်လဲဆိုတော့ လက်သည်းနီဆိုးတာ၊ လက်သည်းတုတပ်တာတွေဟာ တော်ဝင်မိသားစုရဲ့ ကျင့်ဝတ်ထုံးတမ်းထဲမှာ မပါဝင်လို့ ဖြစ်ပါတယ်။ ကိတ်ရဲ့လက်သည်းတွေက သဘာဝအတိုင်းပဲ ရှိနေပြီး ခပ်တိုတိုညှပ်ထားကာ သန့်သန့်ရှင်းရှင်း ရှိနေတာကိုသာ မြင်ရပါတယ်။ ဒါပေမဲ့ လက်သည်းနီဆိုးရမယ့် အခြေအနေ ကြုံလာရပြီဆိုရင်တော့ အရောင်တစ်ရောင်ပဲ ဆိုးလို့ရမှာပါ။

 

ဘုရင်မကြီး အဲလိဇဘတ်ဟာ ပန်းရောင်သမ်းတဲ့သဘာဝအရောင် တစ်မျိုးကိုသာ ဆိုးလေ့ရှိတယ်။ အဲ့ဒီအရောင်ကိုသာ ကိတ်က ဆိုးခဲ့ရပါတယ်။ ဝီလျံနဲ့ မင်္ဂလာပွဲမှာတုန်းက ကိတ် မစ်ဒယ်လ်တန် လက်သည်းနီဆိုးခဲ့တာပါ။ ဘုရင်မကြီး ဆိုးလေ့ရှိတဲ့အရောင်ကိုပဲ ဆိုးပေးခဲ့ကြောင်း ကိတ်ရဲ့ လက်သည်းအလှဖန်တီးပေးခဲ့သူ မာရီနာက ပြောပါတယ်။

 

Source : OK!

Share

Loading Next Article...
က္က