In partnership with  logo
ဒီခေတ်ကြီးမှာ မိတ်ကပ်မလိမ်းဖူးတဲ့ အမျိုးသမီးရှိမယ် မထင်ပါဘူး။

ဒီခေတ်ကြီးမှာ မိတ်ကပ်မလိမ်းဖူးတဲ့ အမျိုးသမီးရှိမယ် မထင်ပါဘူး။ အမျိုးသမီးတွေ ဘာလို့ မိတ်ကပ်လိမ်းလာကြတယ်ဆိုတာကိုကော တွေးမိဖူးကြလား။ ဒါဆိုရင်တော့ Elizabeth Arden ကုမ္မဏီကို ထူထောင်သူ Nightingale Graham ကိုပဲ လက်ညှိုးထိုးရမယ် ထင်ပါတယ်။ သူမဟာ မျက်လုံးအရောင်ခြယ်ခြင်း၊ နှုတ်ခမ်းအရောင်ခြယ်ခြင်းနဲ့ မျက်နှာပေါ်မှာ မိတ်ကပ်လိမ်းခြယ်ခြင်းနဲ့ ပတ်သက်တဲ့ အယူအဆသစ်တွေကိုဖော်ထုတ်ပြီး makeover ဆိုတဲ့ အလှပြင်ပစ္စည်းတွေသုံးပြီး လူသစ်တစ်ယောက်လို ဖြစ်သွားအောင်ဖန်တီးတဲ့ အလှဖန်တီးရှင် အယူအဆသစ်ကိုလည်း ဖော်ထုတ်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူမအခုလို မိတ်ကပ်ပြင်ခြင်းရဲ့ အနုပညာကို မဖော်ထုတ်ခင်တုန်းက လူလတ်တန်းစားနဲ့ ဆင်းရဲသားလွှာက အမျိုးသမီးတွေအတွက် မိတ်ကပ်ဈေးကွက်ရှိခဲ့တာပါ။

 

သူမရဲ့ပထမဦးဆုံး အလှပြင်ဆိုင်ကို Fifth Avenue ဈေးလမ်းမကြီးပေါ်မှာ ဖွင့်လှစ်နိုင်ခဲ့ပြီး နှစ်ပေါင်း (၂၀) အကြာမှာ အခုဆိုရင် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပတိုက်တလွှားမှာ အထက်တန်းလွှာက အမျိုးသမီးတွေအတွက် အလှပြင်ဆိုင်ပေါင်း (၁၅၀) ခန့်ကို ဖွင့်လှစ်နိုင်ခဲ့ပြီးပါပြီ။ သူမရဲ့ဇိမ်ခံပစ္စည်း ထုတ်ကုန်ပေါင်း (၁၀၀၀) ကျော်ဟာလည်း နိုင်ငံပေါင်း (၂၂) နိုင်ငံမှာ ပျံ့နှံ့နေခဲ့ပြီးပါပြီ။ အလှပြင်လုပ်ငန်းကြောင့် Nightingale Graham ဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး အမျိုးသမီး ဖြစ်ခဲ့ပါတယ်။ မိတ်ကပ်လုပ်ငန်းဟာ ကမ္ဘာပေါ်မှာ ဒေါ်လာ (၄၄၅) ဘီလျံ တန်ကြေးရှိပြီး အမျိုးသမီးအများစုရဲ့ မနက်ခင်း လုပ်ငန်းစဉ်တိုင်းမှာ ပါဝင်နေပါတယ်။

ဒါပေမယ့် အခုလိုမျိုး ကမ္ဘာ့အချမ်းသာဆုံး စာရင်းမဝင်ခင်တုန်းက သူမဟာလည်း အခက်အခဲများစွာနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။ သူမဟာ အထက်တန်းကျောင်းပြီးတော့ Toronto က သူနာပြုကျောင်းကို တက်ခဲ့ပေမယ့် ကျောင်းပြီးအောင်မတက်ဘဲ ကျောင်းထွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆေးကုမ္မဏီတစ်ခုမှာ အလုပ်လုပ်နေတဲ့ သူမအစ်ကိုရှိရာ နယူးယောက်မြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အစ်ကိုဖြစ်သူကို Nightingale ကို စာရင်းကိုင်အလုပ် သွင်းပေးခဲ့ပေမယ့် သူမတကယ် စိတ်ဝင်စားတာကတော့ ရုံးဆင်းချိန်မှာ ဓာတ်ခွဲခန်းထဲဝင်ပြီး အရေပြားသုံးအလှကုန်ပစ္စည်းတွေအကြောင်း လေ့လာဖို့ပါပဲ။ အဲဒီနေရာမှာပဲ သူမကို ကမ္ဘာကျော်သူေဋ္ဌးကြီး ဖြစ်စေတဲ့ အလုပ်အကိုင်လမ်းကြောင်း အစပါပဲ။

 

မကြာခင်မှာပဲ သူမဟာ သူမရဲ့သူငယ်ချင်းတစ်ဦးဖြစ်တဲ့ Elizabeth နဲ့ပေါင်းပြီး အလှပြင်ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အားလုံးသိထားတဲ့ Elizabeth Arden ဆိုတဲ့ ကုမ္မဏီ ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါပေမယ့် (၆) လလောက်ကြာတော့ Elizabeth က ကုမ္မဏီကိုစွန့်ခွာသွားပြီး Nightingale Graham တစ်ယောက်တည်း ဆက်ရုန်းကန်ခဲ့ရပါတယ်။ သူမဟာ ဥရောပတခွင်ကို လှည့်လည်သွားလာပြီး ဒေသအသီးသီးက tricks လေးတွေ၊ အလှအပဆိုင်ရာ tips လေးတွေကို ရှာဖွေစုဆောင်းပြီး သူမရဲ့အိုင်ဒီယာသစ်တွေကို အမေရိကန်အမျိုးသမီးတွေအတွက် ဆောင်ကြဉ်းလာခဲ့ပါတယ်။

ဓာတ်ခွဲခန်းထဲမှာ ကိုယ်တိုင်လေ့လာပြီး ဖော်ထုတ်ခဲ့တဲ့အတွက် Nightingale Graham ဟာ သူမရဲ့အလှကုန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ကောင်းကောင်းနားလည်သူ တစ်ဦးပါ။ နောက်ပြီး သူမဟာ ဒေါ်လာ (၁၀၀၀) ရင်းနှီးမြှုပ်နှံပြီး Elizabeth Arden ဆိုတဲ့ကုမ္မဏီကို မထူထောင်ခင်မှာ အလှဖန်တီးရှင်တစ်ဦးဆီမှာ လက်ထောက်လုပ်ပြီး လေ့လာသင်ယူခဲ့ပါသေးတယ်။ အလှအပအင်ပါယာကြီးကို ထူထောင်ဖို့အတွက် ကမ္ဘာအနှံ့မှာ လျှောက်သွားပြီး အိုင်ဒီယာပေါင်းစုံကို ဆည်းပူးပြီး အိုင်ယာသစ်တွေကို ဖော်ထုတ်ခဲ့တာဟာလည်း သူမအတွက် အထူးအကျိုးရှိခဲ့ပါတယ်။

ဒါပေမယ့် Graham ဟာ မားကက်တင်း (ဈေးကွက်ဖန်တီးမှုပညာ) ရဲ့ အသုံးဝင်မှုကိုလည်း ပေါ်လွင်ထင်ရှားအောင် ပြသနိုင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ သူမ ဈေးကွက်ရှာနေချိန်တုန်းက မိတ်ကပ်ဆိုတာ လူလတ်တန်းနဲ့ အောက်ဆုံးလွှာက အမျိုးသမီးတွေပဲ အသုံးပြုကြတဲ့ အရာပါ။ ဒါပေမယ့် Graham ဟာ မားကက်တင်း campaign ပေါင်းများစွာကို အသုံးပြုပြီး ဈေးကွက်ချဲ့ထွင်နိုင်ခဲ့ပါတယ်။ ဟောလီးဝုဒ်က နာမည်ကျော်မင်းသမီးတွေဆီကို ထိုးဖောက်နိုင်ခဲ့ပြီးနောက် သူမဟာ ကမ္ဘာတဝှမ်းက အမျိုးသမီးတွေရဲ့နေ့စဉ်ဘဝမှာ မိတ်ကပ်ဆိုတာ မရှိမဖြစ်လိုအပ်လာအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။

 

အမျိုးသမီးတွေမှာ ပြိုင်ဆိုင်လိုစိတ်ကြီးမားတာကိုတော့ အားလုံးသိထားကြပြီး ဖြစ်မှာပါ။ စီးပွားရေးလောကထဲမှာတော့ ပြိုင်ဘက်ဆိုတာက နေရာတိုင်းမှာ ရှိနေနိုင်တာပါ။ Graham ရဲ့ အကြီးမားဆုံးပြိုင်ဘက်ကတော့ အလှအပဆိုင်ရာ စွန့်ဦးတီထွင်လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ Helena Rubinstein ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ သူမပဲအနိုင်ရရှိခဲ့ပါတယ်။ အခုဆိုရင် Elizaberth Arden ကုမ္မဏီရဲ့ ပျမ်းမျှတန်ဖိုးက ဒေါ်လာ (၁.၃) ဘီလျံခန့်ရှိပါတယ်။

Source: Inc-asean

Share

Loading Next Article...
က္က