In partnership with  logo
  • အွန်လိုင်းဆယ်လီဖြစ်လာတဲ့ အသက် ၈ဝ ကျော် ဘတ်စကတ်ဘောမယ်

အားကစားက ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ
[Zawgyi Version]

တရုတ်နိုင်ငံအရှေ့ပိုင်း Auhui ပြည်နယ်၊ Hefei မြို့မှာ နေထိုင်တဲ့ ဘွားဘွားတစ်ယောက်ဟာ ဘတ်စကတ်ဘောကို ကျွမ်းကျွမ်းကျင်ကျင် ကစားပြနေတဲ့အတွက် အွန်လိုင်းမှာ ဆယ်လီတစ်ယောက် ဖြစ်လာပါတယ်။ သူမ နာမည်က Yue Jingxia လို့ ခေါ်ပါတယ်။ အသက်က ၈၂ နှစ် ရှိပါပြီ။ မနက်တိုင်း ဘတ်စကတ်ဘောကို မိနစ် ၂၀ ကြာ ကစားပါသတဲ့။

 

ဒါတင်မကသေးဘူး သူမက ယောဂလည်း သင်ပေးသေးတယ်။ သက်ကြီးရွယ်အိုတွေအတွက် ယောဂကျင့်နည်း သင်ပေးပါတယ်။ သူမရဲ့ နေ့စဉ်လေ့ကျင့်မှုတွေကို အားကျသူတွေ အများကြီးပါပဲ။ သူမအတွက်တော့ အားကစားဟာ ဘဝရဲ့ တစ်စိတ်တစ်ပိုင်းပဲလို့ ဆိုတယ်။ သူမရဲ့ အပြုသဘောဆောင်တဲ့လူနေမှုဘဝကို သူများတွေကိုလည်း မျှဝေချင်သူပါ။

 

အသက် ၈၂ နှစ် ရှိနေပြီ ဖြစ်သည့်တိုင် ဘတ်စကတ်ဘောကို ဖျတ်ဖျတ်လတ်လတ် ကစားနိုင်သေးတာကြောင့်လည်း Yue Jingxia ကို လူတွေပိုသဘောကျကြပါတယ်။ ပြုံးရွှင်သွက်လက်နေတဲ့ သူမရဲ့ ပုံရိပ်တွေဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့သွားပြီးနောက် တရုတ်လူမှုကွန်ရက်ပေါ်မှာ ဆယ်လီတစ်ဦး ဖြစ်လာနေပါပြီ။

 

Source : CCTV

Share

Loading Next Article...