နှစ်တစ်နှစ်ကုန်ဆုံးပြီး နှစ်သစ်ကိုရောက်ရှိဖို့က ရက်ပိုင်းပဲလိုပါတော့။ ဒီလိုအချိန်မှာ လူတော်တော်များများက နှစ်သစ်မှာ ကိုယ် လိုက်နာမယ့်၊ ဒါမှမဟုတ် ရှောင်ကျဉ်သွားမယ့်၊ ပိုင်ဆိုင်လိုတဲ့ ရည်မှန်းချက်တွေ ချလေ့ရှိကြပါတယ်။ ဒါဟာ လူတစ်ယောက်ရဲ့ဘဝကို တိုးတက်စေမယ့် ကောင်းမွန်တဲ့အလေ့အထတစ်ခုပါပဲ။ ဒါပေမဲ့ ဒီလိုနှစ်သစ်မရောက်ခင်ချ ထားတဲ့ ရည်မှန်းချက်တွေက ရှေ့လာမယ့်တစ်နှစ်အတွင်း လက်တွေ့အကောင်အထည် ပေါ်ဖို့တော့ လိုပါတယ်။ ဒီလိုမှမဟုတ်ဘဲ ရည်မှန်းချက်တွေက စာရွက်ပေါ်မှာတင်ပြီးသွားမယ်ဆိုရင်တော့ အကျိုးထူးမှာ မဟုတ်ပါဘူး။ ဒါကြောင့် နှစ်သစ်ကူးအတွက် ချတဲ့ရည်မှန်းချက်တွေ တကယ်အောင်မြင်စေဖို့ လုပ်ဆောင် ရမယ့် အချက် ၄ ချက်ကိုဖော်ပြပေး ချင်ပါတယ်။
(၁) တိတိကျကျရှိပါစေ
ရည်မှန်းချက်ပဲဖြစ်ဖြစ်၊ အဓိဋ္ဌာန်ပဲဖြစ်ဖြစ် မရေမရာမဟုတ်ဘဲ၊ တိတိကျကျသတ်မှတ်ထားဖို့လိုပါတယ်။ ဥပမာ ပိုက်ဆံများများစုမိရမယ်ဆိုတဲ့ ရည်မှန်းချက်မျိုးအစား ပိုက်ဆံ ဘယ်လောက်စုမိရမယ်ဆိုပြီး ရည်မှန်းချက်တိတိကျကျ ချထားတာ၊ ညစာလျှော့စားမယ်လို့ သန္နိဋ္ဌာန်ချမယ့်အစား ညစာကို ဘယ်လိုအစားအစာမျိုးပဲစားမယ်လို့ တိတိကျကျ သတ်မှတ်တာမျိုးက အောင်မြင်ဖို့ ရာခိုင်နှုန်းပိုများမှာဖြစ်ပါတယ်။
(၂) လူအများကို အသိပေးပါ
တစ်ယောက်တည်းကျိတ်ပြီး ရည်မှန်းချက်ချထားတာမျိုးထက် ကိုယ့်သူငယ်ချင်းအပေါင်းအသင်းတွေ၊ ဆွေမျိုးတွေ အားလုံးသိအောင် ကိုယ့်ရည်မှန်းချက်၊ ဒါမှမဟုတ် သံန္နိဋ္ဌာန်ကို ထုတ်ပြောထားရင်သင့်အနေနဲ့ ပိုပြီးစောင့်ထိန်းဖြစ်ဖို့၊ အကောင်အထည်ဖြစ်ဖို့ ပိုများမှာပါ။
(၃) လက်တွေ့လုပ်ဆောင်ပါ
ရည်မှန်းချက်ချလိုက်ရုံနဲ့ စိတ်စွမ်းအားရဲ့တန်ခိုးနဲ့ အလိုလိုပြီးမြောက်သွားမှာမဟုတ်ပါဘူး။ အောင်မြင်ဖို့အတွက် အလိုအပ်ဆုံး အစိတ်အပိုင်းက လက်တွေ့လုပ်ဆောင်တာပါ။ ဘယ်လိုရည်မှန်းချက်မျိုးပဲဖြစ်ဖြစ် အစပိုင်းမှာခက်ခဲကောင်းခက်ခဲနိုင်ပေမယ့် အလေ့အကျင့််ဖြစ်ပြီးစွဲမြဲသွားရင် လွယ်ကူသွားမှာပဲ ဖြစ်ပါတယ်။
(၄) အောင်မြင်မှုကိုမှတ်တမ်းတင်ပါ
သင့်ရဲ့ရည်မှန်းချက်က တစ်နှစ်တာလုံးလုပ်ဆောင်ရမယ့် ရည်မှန်းချက်မျိုးဆိုရင် ဘယ်လောက်ထိအောင်မြင်နေပြီဆိုတာ ကို မှတ်တမ်းတင်ပြီး စောင့်ကြည့်ဖို့လိုပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် သင့်အနေနဲ့လည်း ကြာလာလေလေ၊ ပိုပြီး စိတ်အားတက်ကြွလာလေလေ ဖြစ်လာမှာပဲ ဖြစ်ပါတယ်။
တကယ်လို့ သင့်ရဲ့ နှစ်သစ်ကူး ရည်မှန်းချက်တွေထဲမှာ ငွေစုမိဖို့၊ ဒါမှမဟုတ် အသုံးစရိတ်လျှော့ချဖို့ ပါဝင်နေတယ်ဆိုရင် သင့်ရည်မှန်းချက် အထောက်အကူပြုမယ့်နည်းလမ်းကောင်းတစ်ခုကို ပြောပြချင်ပါသေးတယ်။အဲဒါကတော့ သင်နေ့စဉ်ကုန်ကျနေတဲ့ အင်တာနက်ဒေတာခကို သက်သာစေပြီး ဖုန်းဘေလ်ကို လျှော့ချပေးနိုင်မယ့် အူရီဒူးရဲ့ 1 MB ကို ၅ ကျပ်နဲ့ ဖလန်းဖလန်းအင်တာနက်အစီအစဉ်ပဲ ဖြစ်ပါတယ်။
ဖလန်းဖလန်းအင်တာနက်အစီအစဉ်နဲ့ ဆိုရင်သင်နေ့စဉ်အသုံးပြုနေတဲ့ Facebook နဲ့တခြားလူမှုကွန်ယက်တွေ၊ ဂိမ်းတွေ၊ YouTube ဗွီဒီယိုတွေကို ကုန်ကျစရိတ်သက်သက်သာသာနဲ့အသုံးပြုနိုင်လို့ အသုံးစရိတ်လျှော့ချပြီး ငွေစုမိစေဖို့ တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုမှာပါ။ အူရီဒူးရဲ့ ဖလန်းဖလန်းအင်တာနက်အစီအစဉ်ကို ဝယ်ယူချင်တယ်ဆိုရင်တော့ *555# ကိုခေါ်ဆိုပြီး အခမဲ့ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။
Share