"အစားအသောက်ကောင်းစားရရင် မိတ်ဆွေကောင်းတွေကို မမေ့အပ်ရာ" ဆိုတဲ့စကားအတိုင်း ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ သူငယ်ချင်းတို့အတွက် အပျင်းလည်းပြေ ဗိုက်လည်းပြည့်စေမယ့် အစီအစဉ်လေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ ပြည်သူ့ရင်ပြင်မှာ ပြုလုပ်ကျင်းပနေတဲ့ Duwun Food Carnival (2018) ပါပဲ။ Duwun Food Carnival ဆိုတဲ့ ပွဲကို ဘာလို့သွားသင့်တာလဲဆိုပြီး ပြန်မေးစရာရှိကောင်းရှိနိုင်ပါတယ်။ ဘာဖြစ်လို့သွားသင့်တာလဲဆိုတော့ YKKO, Mr.Wok တို့လို စားသောက်ဆိုင်တွေ၊ ဝက်သားတုတ်ထိုးတို့၊ ယိုးဒယားဝက်အူချောင်းတို့လို မုန့်ပဲသရေစာလေးတွေအပြင် ထူးထွေဆန်းပြားတဲ့ အရသာမျိုးစုံကို မြည်းစမ်းကြည့်နိုင်ဦးမှာမို့လို့ပါ။
ဒါ့အပြင် Nestle ရဲ့ Maggi စားသောက်ကုန်တွေကိုလည်း ပွဲလာရင်း တစ်ပါတည်း ဝယ်ယူနိုင်ဦးမှာပါ။ ပွဲလာရင်း အကုန်လုံးကို ဟိုစပ်စပ် ဒီစပ်စပ် မြည်းစမ်းကြည့်မိလို့ ဗိုက်အင့်နေရင်လည်း စိတ်မပူပါနဲ့။ Enzyplex အစာကြေဆေးရှိပါသေးတယ်။ ဘာပဲပြောပြော တနင်္ဂနွေနေ့မှာ အစားတစ်လိုင်းသမားတွေအတွက်တော့ ပျော်ရွှင်ဖွယ်ပွဲတော်လေး တစ်ခုပါပဲ။
Duwun Food Carnival (2018) မှာ အစားအသောက်တွေပဲ ရောင်းချနေတာတော့ မဟုတ်ပါဘူး။ ဖျော်ဖြေရေးအစီအစဉ်တွေ အမှတ်တရလက်ဆောင်လေးတွေပေးမယ့် ကစားနည်းလေးတွေလည်း ရှိပါသေးတယ်။ ကလေးလေးတွေပါလာခဲ့ရင်လည်း ဆော့ကစားနိုင်ဖို့ Momo play မှ ကစားကွင်းလေးတွေ စီစဉ်ပေးထားပါသေးတယ်။ ဒါကြောင့် အားလပ်ရက်မှာ မိသားစုလိုက် အနားယူအပန်းဖြေဖို့အတွက် အကောင်းဆုံးနေရာလေး တစ်ခုပါပဲ။ ဒီပွဲလေးကို Media Partner အဖြစ် Ayathar နဲ့ Sky Net တို့က ပါဝင်အားဖြည့်ပေးထားပါတယ်။
ဒီပွဲတော်က အစားအသောက်ဝါသနာအိုးလေးတွေအတွက်တော့ လုံးဝကို မပျက်မကွက် လက်လွတ်မခံသင့် တဲ့ပွဲတစ်ခုပါပဲ။ ယခင်နှစ်လိုပဲ အရမ်းထူးခြားတဲ့ ဖျော်ဖြေရေး အစီအစဉ်ကောင်းတွေလည်းပါမယ်..အစားအသောက်ဆန်းဆန်းပြားပြားလေးတွေလည်း ပါပါမယ်။ပွဲကျင်းပမယ့် နေရာကလဲ ပြည်သူ့ရင်ပြင် ပြည်လမ်း ဝင်ပေါက်နားက ကွင်းအမှတ် (၁) ဆိုတော့ ရင်ပြင်ကစားကွင်းထဲမှာ ဆော့ကစားပီး ဗိုက်ဆာလာတဲ့အခါ ဒီပွဲတော်က အစားအသောက်ကောင်းတွေကို အဝဝင်ဆွဲလိုက်ရုံပဲ။ ပြီးတော့ တစ်နေကုန်လည်း စိတ်ဝင်စားရာအစီအစဉ်တွေနဲ့အတူညပိုင်းမှာ နိုင်ငံကျော်အဆိုတော်တွေ..အကနဲ့ မျက်လှည့်အဖွဲ့တွေရဲ့ ဖျော်ဖြေမှု့များစွာ ကိုလဲ #အခမဲ့ ကြည့်ရဦးမှာနော်။ ဒီပွဲလာဖို့အတွက် ဝင်ကြေးလည်း တစ်ပြားမှ ပေးစရာမလိုတဲ့အတွက် အစားအသောက်ကောင်းလေးတွေကို ပါတ်စားရင်း ညပိုင်းမှာ ချစ်တဲ့သူ ၊ သူငယ်ချင်းတွေနဲ့ ကြယ်ရောင်တွေစုံတဲ့ကောင်းကင်ကြီးရဲ့အောက်.. ကိုယ်ကြိုက်တဲ့ အဆိုတော်တွေရဲ့ သီချင်းလေးတွေအတူတူနားထောင်ကြမယ်လေ...!! ဝိုး တွေးလိုက်တာနဲ့ ပျော်စရာကြီးရယ်... ။ကဲ.. Duwun Food Carvinal 2017 ကို ဆင်နွှဲခဲ့တဲ့ ဘော်ဒါတွေကတော့ အဲ့ခံစားချက်တွေကို အပြည့်အဝခံစားမိမယ်လို့ ထင်ပါတယ်။ လာမယ့် Duwun Food Carvinal 2018 ကို DFC ရဲ့ဘာ်ဒါဟောင်းတွေရော ဘော်ဒါသစ်တွေရောကို လာခဲ့ကြဖို့ဖိတ်ခေါ်ပါတယ်တယ်နော်...။
Duwun Food Carnival 2018 ကို MAGGI Myanmar မှ အဓိက တင်ဆက်လိုက်ပြီး Co-Sponsor အဖြစ် YKKO , YES Peanut Oil Nutrition Partner အဖြစ် အားဖြည့်ဆန် ၊ Media Partners များအဖြစ် Ayathar၊နှင Skynet UptoDate ၊ Medical Partner အဖြစ် Enzyplex Myanmar,Fun Corner Sponsor အဖြစ် Momoplay တို့ က ကူညီပံ့ပိုးပေးထားကြပါတယ်။