ပင်မှည့်လက်ဖက်ရည်ဟာ စိတ်အာရုံကိုလန်းဆန်းစေတဲ့ အဖျော်ယမကာတစ်မျိုးဖြစ်သလို ကျန်းမာရေးအကျိုးကျေးဇူး အမျိုးမျိုးလည်း ပါဝင်ပါသေးတယ်။

အခုဆိုရင် မြန်မာနိုင်ငံမှာ Bubble Tea လို့ခေါ်တဲ့ ပုလဲနို့လက်ဖက်ရည်ဆိုင်တွေ နေရာတိုင်းလိုလိုမှာ တွေ့နေရပါပြီ။ ထိုင်ဝမ်ဘက်က လာတဲ့ လက်ဖက်ရည်ယဉ်ကျေးမှုဖြစ်ပြီး လက်ဖက်ရည်ကြမ်းထဲမှာ အသီးအရသာနဲ့ နို့အရသာအမျိုးမျိုး ထည့်သွင်းပြီး သောက်သုံးကြတာမျိုးပါ။ အဲဒီထဲမှာ ပင်မှည့်လက်ဖက်ရည်ဟာလည်း တစ်ခုအပါအဝင်ပါပဲ။ ပင်မှည့်လက်ဖက်ရည်ဟာ စိတ်အာရုံကိုလန်းဆန်းစေတဲ့ အဖျော်ယမကာတစ်မျိုးဖြစ်သလို ကျန်းမာရေးအကျိုးကျေးဇူး အမျိုးမျိုးလည်း ပါဝင်ပါသေးတယ်။

 

ပင်မှည့်သီးဟာ နွယ်ပင်ပေါ်မှာ ပေါက်ရောက်တဲ့အသီးတစ်မျိုးဖြစ်ပြီး ဗိုက်တာမင်စီ အထူးကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါတင်မကသေးပါဘူး။ Polynutrient တွေ၊ ဗိုက်တာမင်တွေ၊ သတ္ထုဓာတ်တွေ၊ အမိုင်နိုအက်ဆစ်တွေနဲ့ antioxidant တွေလည်း ကြွယ်ဝစွာပါဝင်ပါသေးတယ်။

 

ပင်မှည့်သီးကို လက်ဖက်ရည်နဲ့ရောပြီး ပင်မှည့်လက်ဖက်ရည်အဖြစ် ဖျော်စပ်သောက်သုံးမယ်ဆိုရင်တော့ နှလုံးကျန်းမာရေးကို တိုးတက်ကောင်းမွန်စေခြင်း၊ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ခြင်း၊ ကိုယ်ခံအားကို မြင့်တက်စေနိုင်ခြင်း၊ ရောင်ရမ်းခြင်းဝေဒနာကို သက်သာပျောက်ကင်းစေနိုင်ခြင်း၊ စိတ်ဖိစီးမှုကို ဖြစ်စေနိုင်တဲ့ ဟော်မုန်းတွေကို လျော့ကျစေခြင်း၊ စိတ်သောကရောက်ခြင်းကို ကာကွယ်နိုင်ခြင်း၊ အစာချေအင်္ဂါစနစ်ကို ကောင်းမွန်စေခြင်း၊ အသားအရေလှပစေခြင်းနဲ့ ကိုယ်အလေးချိန်လျော့ကျစေခြင်း အစရှိတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။

တစ်ခုရှိတာက ပင်မှည့်လက်ဖက်ရည်ကို ကိုယ်ဝန်ဆောင်မိခင်တွေတော့ သောက်သုံးဖို့ မသင့်တော်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပင်မှည့်လက်ဖက်ရည်ထဲမှာ ဓာတုဒြပ်ပေါင်းတချို့ပါဝင်ပြီး အဲဒီဓာတုပစ္စည်းတွေက ဘေးထွက်ဆိုးကျိုးတချို့ကို ဖြစ်စေနိုင်လို့ပါ။

ပါဝင်ပစ္စည်းများ

passion-fruit-ice-tea-5.png 

ပါဝင်ပစ္စည်းတွေကတော့ ပင်မှည့်သီးတစ်လုံးရယ်၊ ရေနွေးကြမ်းတစ်အိုးရယ်ပဲ လိုအပ်ပါတယ်။

ပြုလုပ်နည်း

IMG_1117.jpg 

အရင်ဆုံး ရေနွေးတစ်အိုးတည်လိုက်ပါ။ ပြီးရင် ရေနွေးထဲကို လက်ဖက်ခြောက်ထုပ် (၂) ထုပ်ထည့်လိုက်ပါ။ (၃) (၄) မိနစ်ကြာလို့ လက်ဖက်ရည်ဆူပွက်လာပြီဆိုရင် လက်ဖက်ရည်အိုးထဲကို ပင်မှည့်သီးတစ်လုံးခန့်ကို (အသားချည်း) လှီးထည့်ပေးလိုက်ပါ။ ခနကြာရင်တော့ မိမိနှစ်သက်ရာ ဖန်ခွက်ထဲကိုထည့်ပြီး သောက်သုံးနိုင်ပါပြီ။ အပူသောက်သုံးနိုင်သလို ရေခဲသေတ္တာထဲမှာ အအေးခံပြီး ပင်မှည့်လက်ဖက်ရည်ကြမ်းအဖြစ်လည်း သောက်သုံးနိုင်ပါတယ်။

Source: Organicfacts

Share

Loading Next Article...
က္က