In partnership with  logo
၂၀၁၆ ခုနှစ်မှာတော့ တက္ကသိုလ်ရဲ့ ပထမဆုံး အမျိုးသမီး ဒု-အဓိပတိကို ခန့်အပ်ခဲ့တယ်။

၂၀၁၈ ခုနှစ်မှာလည်း အမျိုးသမီးတွေရဲ့ ရပ်တည်မှုတွေဟာ ရှေ့ဆက်ပြီး ပိုမိုအားကောင်းလာနေပါတယ်။ ကမ္ဘာကျော် အောက်စဖို့ဒ်တက္ကသိုလ်ကြီးမှာ ဆိုရင်လည်း အမျိုးသမီးတွေက သမိုင်းသစ်တစ်ခု ရေးထိုးလိုက်နိုင်ပါပြီ။ တက္ကသိုလ် စတင်တည်ထောင်တဲ့ နှစ်ပေါင်း ၈၀၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတွေဟာ အမျိုးသားတွေထက်ပိုပြီးတော့ နေရာယူလိုက်နိုင်ပါတယ်။

 

အောက်စဖို့ဒ်တက္ကသိုလ်ဟာ ၂၀၁၇ ခုနှစ် ဆောင်းဦးကာလအတွင်းမှာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးပေါင်း ၁၀၇၀ ဦးကို လက်ခံခဲ့ပါတယ်။ သက်တူရွယ်တူ အမျိုးသားအရေအတွက်ကိုတော့ ၁၀၂၅ ဦးသာ လက်ခံခဲ့တာပါ။ နှစ်စဉ် သင်တန်းခေါ်ယူတိုင်း အမျိုးသားတွေက ပိုပြီး ဝင်ခွင့်ရခဲ့ကြပေမဲ့ ဒီနှစ်မှာတော့ အမျိုးသမီးတွေကို ပိုမိုလက်ခံခဲ့တဲ့နောက် သမိုင်းတွင်သွားပါတယ်။ ဒါဟာ ပညာရေးကို လိုလားတောင့်တတဲ့ မိန်းကလေးတွေအတွက်တော့ အားတက်စရာဖြစ်ရပ်တစ်ခုဆိုလည်း မမှားပါဘူး။

ယူကေတလွှားက တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူတွေအနက် ၂၀၁၇ ခုနှစ်မှာ အမျိုးသမီးဦးရေကို ပိုမိုလက်ခံနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ အောက်စဖို့ဒ်ရဲ့ ကောလိပ် ၃၈ ခုအနက် ၁၀ ခုမှာ အမျိုးသမီးဌာနမှူး သို့မဟုတ် ကျောင်းအုပ်တွေ ရှိကြတယ်လို့လည်း သိရပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ တက္ကသိုလ်ရဲ့ ပထမဆုံး အမျိုးသမီး ဒု-အဓိပတိအဖြစ် ပရော်ဖက်ဆာ Louise Richardson ကို ခန့်အပ်ခဲ့ပါတယ်။

Source : Guardian

Share

Loading Next Article...
က္က